HubSpot Marketing Hub ဆိုတာ ဘာလဲ? - Myanmar's Leading Marketing Consulting Firm

HubSpot Marketing Hub ဆိုတာ ဘာလဲ?

မားကတ်တာတွေအနေနဲ့ လုပ်ငန်းအတွက် marketing activities တွေလုပ်တဲ့အခါ tools တွေ အများကြီးသုံးရပါတယ်။ Data တွေကို collect လုပ်ဖို့၊ data analysis လုပ်ဖို့၊ Ads တွေ Campaign တွေ run ဖို့၊ Email marketing လုပ်ဖို့၊ Report တွေပြန်ကြည့်ဖို့ စသဖြင့် tools ပေါင်းများစွာ သုံးရပါတယ်။ 

HubSpot Marketing Hub ကတော့ ဒီ tools တွေအားလုံးကို တစ်နေရာတည်းမှာ စုပေးထားတာ ဖြစ်ပါတယ်။ Landing Page၊ Website Page၊ Blogs တွေကိုလည်း coding မလိုဘဲ drag-and-drop editor နဲ့ ဖန်တီးနိုင်တယ်။ Social media management လုပ်နိုင်တယ်။ Ads တွေ၊ Campaigns တွေကိုလည်း ဒီ Hub ထဲကပဲ run တဲ့အတွက် Analyzing နဲ့ Reporting ပြန်လုပ်တဲ့အခါမှာလည်း အခြား software တွေကို တဆင့်ပြောင်းစရာမလိုဘဲ တစ်နေရာတည်းမှာ အကုန်လုပ်နိုင်တဲ့ all in one software ဖြစ်ပါတယ်။

Features of HubSpot Marketing Hub

Free CRM

Marketing Hub ဟာ HubSpot CRM ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တာကြောင့် CRM data base ကိုပါ free သုံးခွင့်ရမှာ ဖြစ်ပါတယ်။ Contact၊ Company၊ Deal၊ Ticket စတဲ့ properties တွေမှာ Customer data တွေကို သိမ်းဆည်းနိုင်ပြီး customer တွေရဲ့ အခြေနေတွေ၊ Lifecycle တွေကို track လုပ်နိုင်ပါတယ်။ ပြောင်းလဲသွားတဲ့ customer journey အရ customer record တွေကို အလိုလျောက် အက်ပ်ဒိတ်လုပ်ပေးပါတယ်။ CRM data base ထဲမှာ သိမ်းဆည်းထားတဲ့ အချက်လက်တွေနဲ့ marketing hub က tools တွေ ပေါင်းစပ်လိုက်ပါက ပိုကောင်းမွန်ထိရောက်တဲ့ marketing strategy တွေကို ချမှတ်နိုင်မှာ ဖြစ်ပါတယ်။ 

HubSpot CRM interface displaying a detailed contact record with sections for activity, notes, emails, calls, tasks, and meetings, along with contact details and associated deals, companies, and tickets.
HubSpot CRM Contact Overview and Activity Management

Landing Pages 

Landing Page ဆိုတာကတော့ ပုံမှန် မြင်တွေ့နေကျ Web Page တွေနဲ့ မတူပဲ သီးခြားတည်ဆောက်ထားတဲ့ standalone web page တစ်ခုပါ။ ဒီ landing page ကို Marketing Campaign တွေမှာ Final Destination တစ်ခုအဖြစ် အသုံးပြုကြပါတယ်။ ဥပမာ ကိုယ်ရဲ့ Target Audience တွေဟာ Email, PPC, Google Search, YouTube, Facebook, Instagram, Display Ads အစရှိတဲ့ နေရာတွေကနေတဆင့် ကြော်ငြာလင့်တွေ ဒါမှမဟုတ် Creative Ads တွေကို နှိပ်လိုက်တဲ့အခါ ရောက်ရှိသွားမယ့် Page တစ်ခုဖြစ်ပါတယ်။

HubSpot Marketing Hub မှာ landing page တွေကို designer တွေ၊ developer တွေရဲ့ အကူအညီမလိုဘဲ drag & drop feature နဲ့ အလွယ်တကူ ဖန်တီးနိုင်ပါတယ်။ Build-in ပါပြီးသား template တွေကို အသုံးပြုနိုင်သလို ကိုယ့် brand ရဲ့ guideline အတိုင်း color code တွေ၊ font တွေကို ပြောင်းပြီး ကိုယ်တိုင် customize လုပ်ပြီးလည်း ဖန်တီးနိုင်ပါတယ်။ A/B testing အသုံးပြုပြီး စမ်းသပ်နိုင်သလို landing page ရဲ့ performance ကိုလည်း ပြန်ကြည့်နိုင်၊ analysis လုပ်နိုင်ပါတယ်။

HubSpot Content Editor interface showing a drag-and-drop website builder with modules like Rich Text, Image, Heading, and Call-to-Action, allowing users to easily build and manage their website without coding.
HubSpot Drag-and-Drop Content Editor for Easy Website Building

Email Marketing Automation

ကိုယ့် customer တွေ၊ audience တွေနဲ့ အမြဲထိတွေ့နေဖို့အတွက် email marketing လုပ်ဖို့ လိုအပ်ပါတယ်။ HubSpot ရဲ့ email marketing tool နဲ့ marketing email campaign များစွာကို ပြုလုပ်နိုင်သလို HubSpot ရဲ့ marketing automation နဲ့  email များစွာကို တစ်ပြိုင်နက်ပို့နိုင်ပါတယ်။ Regular mail အနေနဲ့ manually ပို့နိုင်သလို automation workflow တွေနဲ့လည်း email marketing ပြုလုပ်နိုင်ပါတယ်။

ကိုယ်ပို့ချင်တဲ့ email တွေကိုလည်း HubSpot ထဲမှာပဲ template လုပ်ထားပြီး drag & drop feature နဲ့ လိုချင်တဲ့ ပုံစံအတိုင်း Image တွေ Text တွေ Button တွေထည့်ပြီး လွယ်လွယ်ကူကူ ဖန်တီးနိုင်ပါတယ်။ ဒါ့အပြင် Delivery rate, Open rate, Click-through-rate, Bounce rate စတဲ့ metric တွေကိုလည်း report အနေနဲ့ ပြန်ကြည့်နိုင်ပါတယ်။ ဒါ့အပြင် email တွေမှာ ကိုယ်နှစ်သက်ရာ Personalization token တွေ ထည့်နိုင်လို့ Personalization အတွက်လည်း စိတ်ပူစရာ မလိုပါဘူး။

HubSpot workflow automation setup showing an email sequence triggered for contacts who attended an event and are associated with a target account, with the first action being to send an automated email.
HubSpot Workflow Automation for Targeted Email Sequences

Social Media Integration

LinkedIn, Facebook, Instagram, Twitter, YouTube စတဲ့ Social Media Platform တွေကို HubSpot Marketing Hub နဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး manage လုပ်နိုင်ပါတယ်။ Social တစ်ခုချင်းစီ သွားပြီး post တွေ တင်နေစရာမလိုဘဲ HubSpot တစ်နေရာတည်းကနေပဲ platform အကုန်လုံးကို တစ်ပြိုင်တည်း manage လုပ်နိုင်ပါတယ်။ ဒီလို HubSpot ထဲကနေ post တွေတင်နိုင်၊ manage လုပ်နိုင်ပြီး သက်ဆိုင်ရာ campaign အလိုက် goal တွေ၊ strategy တွေသတ်မှတ်နိုင်ပါတယ်။ ဒါ့အပြင် Social media report တွေကိုလည်း HubSpot ထဲမှာကြည့်နိုင်ပါတယ်။

Website Live Chat, Facebook Messenger Chat နဲ့လည်း Integrate လုပ်ထားနိုင်တဲ့အတွက် customers တွေနဲ့ conversation တွေကို inbox တစ်ခုတည်းကနေပဲ reply ပြန်၊ manage လုပ်ပြီး member တွေကိုလည်း assign လုပ်နိုင်ပါတယ်။ Social account တစ်ခုချင်းစီရဲ့ performance ကိုလည်း analyze လုပ်ပြီး ပြန်ကြည့်နိုင်တဲ့အတွက် Marketing manager တွေအတွက်ရော business owner တွေအတွက်ပါ ‌data တွေကို easily accessible လုပ်နိုင်မှာဖြစ်ပါတယ်။

HubSpot social media publishing tool interface showing the creation of a new social post for Twitter, including scheduling options, account selection, and a preview of the post with media attachment.
Creating and Scheduling Social Media Posts with HubSpot

List Segmentation

လုပ်ငန်းရှင်တွေအနေနဲ့ Audience တိုင်းကိုတော့ တူညီတဲ့မက်ဆေ့ဂျ်တွေ ပို့မှာမဟုတ်ပါဘူး။ Ads တွေ run တာပဲဖြစ်ဖြစ်၊ email marketing လုပ်တာပဲဖြစ်ဖြစ်၊ Audience တွေရဲ့ demographic၊ behavior နဲ့ interest တွေကို ခွဲခြားပြီး relevant ဖြစ်တဲ့ campaign တွေ run ကြတာပဲ ဖြစ်ပါတယ်။

HubSpot မှာဆိုရင် Segmentation ကို filter လုပ်ပြီး List တွေနဲ့ သေချာသတ်မှတ် ခွဲခြားလို့ရတာမို့ သက်ဆိုင်ရာ audience အလိုက် target သေချာ လုပ်နိုင်မှာဖြစ်ပါတယ်။ ဆိုလိုရင်းကတော့ CRM Database ထဲက audience တွေကို လိုချင်တဲ့ criteria အရ list နဲ့ segment လုပ်နိုင်တာပဲဖြစ်ပါ။ ဒါဟာ marketing activities တွေလုပ်တဲ့အခါ အရေးပါတဲ့ ကဏ္ဍအဖြစ်ပါဝင်ပါတယ်။ ဥပမာ- Lead score ၄ မှတ်နဲ့အထက်ကို nurturing email ပို့မယ်ဆိုပြီး marketing automation လုပ်တာမျိုးမှာ list နဲ့ segment လုပ်နိုင်ပါတယ်။

HubSpot Lists interface showing a table of active contact lists, including details like name, size, type, last updated, creator, and usage in workflows or campaigns.
Managing Contact Lists in HubSpot CRM

Ads Management & Retargeting

HubSpot နဲ့ ကိုယ့်လုပ်ငန်းရဲ့ ads account ကို connect လုပ်ပြီး CRM ထဲမှာရှိတဲ့ customer တွေကို ads တွေ ပြန်ပြလို့ရပါတယ်။ ဥပမာ- website ကိုလာကြည့်တဲ့ visitor တွေကို social media မှာ ‌ads တွေ ပြန်ပြပြီး retargeting လုပ်ပြီး ပြန်ပြနိုင်ပါတယ်။ CRM database အရ audience ဖန်တီးပြီး ထို contacts တွေကို ပြန်ပြတာမျိုးတွေလည်း လုပ်နိုင်ပါတယ်။

HubSpot Live Chat

နောက်ထပ် အသုံးဝင်တဲ့ feature ကတော့ Live Chat တွေကို HubSpot ထဲမှာပဲ ဖန်တီးလို့ရတာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ website မှာရော Facebook page မှာပါ HubSpot ရဲ့ live chat ကို ထည့်ထားနိုင်တာဖြစ်ပါတယ်။ HubSpot နဲ့ integrate လုပ်ထားတာဖြစ်လို့ Customers တွေနဲ့ conversation တွေကို HubSpot inbox တစ်ခုတည်းကနေပဲ reply ပြန်၊ manage လုပ်ပြီး team member တွေကိုလည်း ပြန် assign လုပ်နိုင်ပါတယ်။

Workflows

HubSpot ရဲ့နောက်ထပ် powerful ဖြစ်တဲ့ feature ကတော့ workflow ဖြစ်ပါတယ်။ ၂၁ ရာစုရဲ့ buyer တွေဟာ personalization ကို ပိုမိုနှစ်သက်လာကြပါတယ်။ HubSpot ရဲ့ workflow တွေနဲ့ Omnichannel automation တွေအထိ လုပ်နိုင်တဲ့အတွက် Highly personalized campaign တွေ ပြုလုပ်နိုင်ပါတယ်။ Day to day marketing campaigns တွေ လုပ်လို့ရတဲ့ smart automation တွေလည်း ပြုလုပ်နိုင်ပါတယ်။

HubSpot ရဲ့ Automated Workflow တွေဟာ effective ဖြစ်ပြီး manually လုပ်ရမယ့် task တွေလည်း လုပ်စရာမလို့တော့တဲ့အတွက် အချိန်ကုန်လည်း သက်သာစေပါတယ်။ Personalized marketing automation တွေ၊ mass data management၊ internal & external notifications တွေ၊ tasks assign လုပ်တာတွေကို ရိုးရှင်းမြန်ဆန်စွာ လုပ်နိုင်ပါတယ်။ ဥပမာ – client တစ်ယောက်က သင့်လုပ်ငန်းရဲ့ website မှာ form တစ်ခုဖြည့်သွားတယ်ဆိုပါစို့။ ဒီလိုအခြေနေမျိုးမှာဆိုရင် workflow နဲ့ ဘယ် form ဖြည့်သွားရင် ဘယ် email ပို့စသဖြင့် trigger ပြီး email တွေ ပို့လို့ရပါတယ်။

နောက်တစ်မျိုးပြောရရင် သင်ပို့ထားတဲ့ email ထဲက Link A ကို click ရင် ဘယ် follow up email ကိုပို့၊ Link B ကို click ရင် ဘယ် action ကိုလုပ် စသည်ဖြင့် ကိုယ်လိုသလို ဖန်တီးပြီး automation တွေ ပြုလုပ်နိုင်ပါတယ်။ ထို့အပြင် Zoom, Slack, LinkedIn တို့နှင့်လည်း integrate လုပ်နိုင်ပြီး customer တွေရဲ့ real-time update တွေကို team member တွေ သိရအောင်လည်း notify လုပ်နိုင်ပါတယ်။

HubSpot workflow for a special offer nurture campaign showing actions like sending an email, applying delays, and branching based on conditions, with options to choose additional actions such as sending notifications or creating tasks.
Designing a Special Offer Nurture Campaign with HubSpot Workflows

Reporting 

Reporting dashboard ဆိုတာ Data နဲ့ အလုပ်လုပ်ရတဲ့ မားကတ်တာတွေအတွက် အရမ်းအရေးပါပါတယ်။ HubSpot မှာ marketing content တွေအပေါ် customer တွေရဲ့ engagement တွေ၊ lifecycle stage အခြေနေတွေ၊ campaign တွေရဲ့ ရလဒ်တွေ၊ website traffic တွေ စတဲ့ analytic report တွေ built-in ပါသလို custom report တွေပါ ဖန်တီးနိုင်ပါတယ်။ report တွေကို သက်ဆိုင်ရာ Dashboard အလိုက်ခွဲထည့်ထားနိုင်သည့်အပြင် ထို report တွေကို email ကတစ်ဆင့်လည်း အလွယ်တကူ ပို့နိုင် share နိုင်ပါသည်။

HubSpot Lead Generation dashboard displaying charts and graphs, including a line graph for new marketing qualified leads over time, a pie chart for MQL's by source, and a contact lifecycle funnel with conversion metrics.
HubSpot Lead Generation Dashboard Overview

Benefits of HubSpot Marketing Hub

  • HubSpot CRM ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လို့ customer data တွေကို အလွယ်တကူစုဆောင်း၊ သိမ်းဆည်းနိုင်ပါတယ်။
  • အခြား Software များနဲ့မတူဘဲ marketing activities တွေကို တစ်နေရာတည်းမှာ လုပ်နိုင်တဲ့အတွက် data တွေကိုလည်း တစ်နေရာတည်းမှာ စုပြီးသားဖြစ်တဲ့အပြင် အချိန်ကုန်လည်း သက်သာစေပါတယ်။
  • သုံးရတာ ရိုးရှင်းလွယ်ကူပြီး powerful ဖြစ်ပါတယ်။
  • အခြားသော custom integration ပေါင်း ၁၀၉၀ ကျော်ကို HubSpot Marketing Hub နဲ့ integrate လုပ်နိုင်တဲ့အတွက် လိုအပ်တဲ့ tools တွေ၊ app တွေကို ကြိုက်သလို ထပ်ပေါင်းထည့်ပြီး single platform အနေနဲ့ သုံးလို့ရပါတယ်။

ဒါတွေကတော့ HubSpot Marketing Hub ရဲ့ အသုံးဝင်ပုံ၊ အသုံးပြုပုံ၊ feature တွေနဲ့ benefit တွေကို ရှင်းပြသွားတာဖြစ်ပါတယ်။ Marketing Hub ကို သင့်လုပ်ငန်းအတွက် အသုံးပြုချင်ပြီး သိချင်တာ၊ မရှင်းတာရှိပါက HubSpot Certified Gold Partner ဖြစ်တဲ့ B360 ကို အခုပဲဆက်သွယ်လိုက်ပါ။