Digital Marketing, Website Development အပိုင်းတွေ ဖွံ့ဖြိုးတိုးတက်လာတာနဲ့ အတူ မြန်မာနိုင်ငံက Marketer တွေရဲ့ ပါးစပ်ဖျားမှာ Landing Page ဆိုတဲ့ အသုံးအနှုန်းကို ပိုပိုပြီး ကြားလာရပါတယ်။ ဒါပေမယ့် မြန်မာဘာသာနဲ့ Landing Page အကြောင်း မျှဝေထားတာတွေ သိပ်မတွေ့မိလို့ အခု Article လေးနဲ့ Landing Page အကြောင်း ပြည့်ပြည့်စုံစုံ ရှင်းပြပေးချင်ပါတယ်။
Landing Page အကြောင်း ပြည့်ပြည့်စုံစုံ
Landing Page ဆိုတာကတော့ ပုံမှန် မြင်တွေ့နေကျ Web Page တွေနဲ့ မတူပဲ သီးခြားတည်ဆောက်ထားတဲ့ standalone web page တစ်ခုပါ။ ဒီ landing page ကို Marketing Campaign တွေမှာ Final Destination တစ်ခုအဖြစ် အသုံးပြုကြပါတယ်။ ဥပမာ ကျွန်တော်တို့ရဲ့ Target Audience တွေဟာ Email, PPC, Google Search, YouTube, Facebook, Instagram, Display Ads အစရှိတဲ့ နေရာတွေကနေတဆင့် ကြော်ငြာလင့်တွေ (သို့မဟုတ်) Creative Ads တွေကို နှိပ်လိုက်တဲ့အခါ ရောက်ရှိသွားမယ့် Page တစ်ခုပါ။
Web Page တွေနဲ့ မတူတဲ့အချက်ကတော့ Website Home Page တွေဟာ ရရှိလိုတဲ့ Goals များစွာရှိတတ်ပြီး ဒီ Landing Page တွေကတော့ Single Focus ဖြစ်ပြီး Goal တစ်ခုတည်းအတွက်သာ ဦးတည်ပြီး Design ပြုလုပ် တည်ဆောက်ထားတာဖြစ်ပါတယ်။ ဥပမာ Lead Form ဖြည့်ဖို့၊ App Download လုပ်ဖို့၊ Free Demo ရယူသွားဖို့ အစရှိတဲ့ ဦးတည်ချက်တစ်ခုအတွက် တည်ဆောက်ထားတဲ့ Page ပါ။
ဒါ့အပြင် Landing Page တွေဟာ Home Page တွေထက် ပိုမိုရှင်းလင်းတာကိုလည်း သတိထားမိကြမယ်ထင်ပါတယ်။ Website Home Page မှာဆိုရင် ရွေးချယ်ရမယ့် item, buttons, category တွေများပြားတတ်ပြီး Landing Page မှာကတော့ Copywriting ကောင်းကောင်းနဲ့ နှိပ်စေချင်တဲ့ Button ဆီကိုပဲ ဦးတည် ဆွဲဆောင်ကြပါတယ်။
Landing Page တွေရဲ့ Domain တည်ဆောက်ပုံက ဘယ်လိုဖြစ်နိုင်လဲ?

Landing Page တွေဟာ သီးခြား ထပ်မံ တည်ဆောက်ရတဲ့ Web Page တွေ ဖြစ်တဲ့ အလျောက် Domain တွေဟာလည်း သီးခြား Subdomain တွေအသုံးပြုတာကို တွေ့ရတတ်ပါတယ်။ မူလ Website က abc.com ဖြစ်မယ်ဆိုရင် landing page တွေရဲ့ domain က info.abc.com လိုမျိုး subdomain ပုံစံနဲ့ ပြုလုပ်လေ့ရှိပါတယ်။ အချို့ Landing Page တွေကတော့ Sub page ပုံစံနဲ့ တည်ဆောက်တာမျိုးလည်း ရှိပေမယ့် မြင်တွေ့ရမှု နည်းပါတယ်။
တကယ်ရောင်းရတဲ့ Landing Pageတစ်ခုဖြစ်ဖို့ ဘယ်လို အစိတ်အပိုင်းတွေပါသင့်သဲ?
Landing Page တစ်ခုမှာ အနည်းဆုံးပါကို ပါသင့်တဲ့ အစိတ်အပိုင်း (၅) ခု ရှိပါတယ်။ အဲ့တာတွေကတော့

1/Main Title
Landing Page တစ်ခုမှာ Title ကောင်းကောင်းရှိဖို့က အရမ်း အရေးကြီးပါတယ်။ Title ကို လူတွေက အရင်ဖတ်မှာဖြစ်လို့ Title က ဆွဲဆောင်မှုမရှိရင် Landing Page က ဘယ်လို Results မှ ထွက်မှာ မဟုတ်ပါဘူး။
ဆိုတော့ Title ကောင်းတစ်ခု ဘယ်လိုရေးမလဲ? Title ကောင်းတစ်ခုဟာ အောက်ပါ အချက်အလက်တွေနဲ့ ကိုက်ညီဖို့လိုပါတယ်။
1) ကိုယ်ဘာလုပ်ဆိုတာ ရှင်းပြနိုင်ရပါမယ်။

ကိုယ့်လုပ်ငန်းက ဘယ်လိုမျိုး ထူးခြားတဲ့ ဝန်ဆောင်မှု (သို့မဟုတ်) ထုတ်ကုန်ပေးနေလဲဆိုတာ ဖော်ပြဖို့ မမေ့ပါနဲ့။
2) လူတွေရင်ထဲ ထိစေမယ့် Hook Point တစ်ခုပါပါစေ။
ကိယ့်လုပ်ငန်းရဲ့ ထူးခြားတဲ့ အချက်ကို ဖော်ပြယုံသာမကပဲ… လူတွေချက်ချင်း မှတ်မိပြီး သူတို့ ကြုံတွေ့နေရတဲ့ pain point ကို ထောက်ပြပြီး ကိုယ့် လုပ်ငန်းက ဘယ်လို ပြေလည်စေမယ့်ဆိုတဲ့ Value + Hook ပုံစံမျိုးသား ရေးလိုက်နိုင်မယ်ဆိုရင် Target Audiences တွေအနေနဲ့ ပိုပြီး စွဲငြိသွားမှာပါ။ အချို့ကလည်း Title မှာ ကိုယ်ပိုင်နိုင်တဲ့ Niche ကိုထည့်ပြီး ဆွဲဆောင်တာမျိုး ရှိပါတယ်။ ဥပမာ ( The All-In-One Toolkit For Working Remotly) ဆိုတာမျိုးက ကိုယ့်ထုတ်ကုန်ရဲ့ Niche ဖြစ်တဲ့ Remote Working အပေါ် အထောက်အကူဖြစ်စေနိုင်တဲ့ အချက်ကို ထည့်သွင်းဖော်ပြလိုက်တာပါ။
2/ Subtitle

Title နဲ့ ကိုယ့်ရဲ့ Target Audience တွေကို ဆွဲဆောင်ပြီးတဲ့အခါ ကိုယ့်လုပ်ငန်းအကြောင်းကို မိတ်ဆက်ဖို့ Subtitle တစ်ခု လိုလာပါပြီ။ Subtitle တွေဟာ လုပ်ငန်းအကြောင်း (သို့မဟုတ်) ထုတ်ကုန်အကြောင်းကို မိတ်ဆက်ပေးရမှာဖြစ်ပြီး ဘယ်လိုမျိုး Value တွေ ပေးနိုင်မယ်ဆိုတာ ဖော်ပြဖို့လိုပါတယ်။
3/Hero Image or Video

Hero Image ဆိုတာကတော့ ကိုယ့် Product နဲ့ ပတ်သက်ပြီး ရရှိမယ့် အကျိုးရလာဒ်ကို အနီးစပ်ဆုံးဖော်ပြပေးတဲ့ ပုံ (သို့မဟုတ်) Video ပါပဲ။ ဒီနေရာမှာ လှတပတ ပုံတွေပဲထည့်မယ့်အစား Product ကို ပြတာမျိုးက ပိုသင့်တော်ပါတယ်။ အကောင်းဆုံးကတော့ Prouduct in action ပုံစံမျိုး ပြပေးနိုင်တာပါပဲ။
4/Social Proof

ကိုယ့် Product ကောင်းကြောင်း ကိုယ်တိုင်ပြောမယ့်အစား ကိုယ့်ရဲ့ Customer သို့မဟုတ် Client က ပြောတာမျိုးက ပိုပြီး ဆွဲဆောင်မှုရှိမှာပါ။ ဒါကြောင့် Landing Page တွေ ပြုလုပ်တဲ့အခါ Social Proof သို့မဟုတ် Customer Review တွေကို မပါမဖြစ် ထည့်ကြတာပါ။
5/CTA (or) Call to action Button

အပေါ်မှာ Story တွေ တောက်လျှောက် ပြောလာပြီးတဲ့နောက်မှာတော့ Target Audience တွေကို နောက်တဆင့် ဘာလုပ်ရမယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြောပြပေးတဲ့ CTA တစ်ခုတော့ လိုပါတယ်။ ဒီ CTA က ပွဲသိမ်းတိုက်ကွက်လို့ ဆိုနိုင်တဲ့ နောက်ဆုံး Section ပါ။ Target Audiences တွေ သဘောတွေ့လောက်မယ့် offer ပေးနိုင်ဖို့လိုပါတယ်။

CTA ကို ရိုးရိုးပုံစံရေးမယ့်အစား Customer တွေကြုံနေရတယ့် Pain Point ကိုပါ ထောက်ပြနိုင်မယ့် စကားလုံးတွေကို CTA မှာ ထပ်ထည့်သင့်ပါတယ်။
ကိုယ့်ရဲ့ Landing Page ဟာ Online ပေါ်မှာ 24 နာရီ တည်ရှိနေမယ့် Sales Pitch တစ်ခုလို့ မြင်ယောင်ကြည့်လိုက်ပါ။ Landing page အတွက် copywriting ရေးတဲ့အခါ ထိထိမိမိရေးရမယ်ဆိုတာ မမေ့ပါနဲ့။ ထိမိတဲ့ Copy၊ မက်လောက်စရာ Offer၊ လှပတဲ့ Visual တွေနဲ့ဆို သင့် Landing Page က တကယ်ကောင်းမွန်တဲ့ MQLs တွေ ထုတ်ပေးနိုင်ပါလိမ့်မယ်။
Landing Page ကို Launch ပြီးတာနဲ့ Ads Run ထားပြီး ဇိမ်နဲ့ နှပ်နေလို့မရပြန်ပါဘူး။ Analytics ကိုကြည့်ပြီး Landing Page ကို ပိုကောင်းအောင် Optimize ထပ်လုပ်နေမှသာ Sustainable ဖြစ်တဲ့ Landing Page တစ်ခုဖြစ်မှာပါ။ Customer တွေရဲ့ Landing Page နဲ့ ပတ်သက်တဲ့ Experiences တွေကို Google Analytics နဲ့ klearmap.com လိုမျိုး tool တွေသုံးပြီး အမြဲ စောင့်ကြည့်ပေးပါ။