99designs by Vista က Graphic Design Team အနေနဲ့ တစ်နှစ်လုံးစာ Design Trend တွေကိုကြည့်ပြီး လာမယ့်နှစ်မှာ Trend ဖြစ်လာမယ့် Design ပုံစံတွေကို ခန့်မှန်းခဲ့ကြပါတယ်။ ဒါတွေသိထားရင် သင့် Brandရဲ့ Design တွေက သူများတွေထက် ခေတ်မီနေပါလိမ့်မယ်။
အရမ်းကိုပွစိတက်နေတဲ့ Social Media Newsfeed မှာ Visual ရဲ့ အဓိက သော့ချက်က Engaging ဖြစ်ဖို့ပါပဲ။ အခု ဖော်ပြမယ့် Design Trend တွေကို လေ့လာပြီး သင့် Brand နဲ့ Design Style မှာ Update လုပ်တဲ့နေရာမှာ အထောက်အကူဖြစ်မယ်လို့ ယုံကြည်ပါတယ်။
ကဲ ဒါဆိုရင် ကြည့်လိုက်ရအောင်
(၁) 90s Nostalgia

Classic ဖြစ်တဲ့ Style တွေက တဖန်ပြန်ဆန်းသစ်ပြီး ဝင်လာတာကိုတွေ့ရပါတယ်။ အမျိုးအစားတွေကို ရောသမမွှေပြီး တချိန်တည်းမှာ သိနေသလို မသိသလို ခံစားချက်မျိုးရအောင် ဖန်တီးလာပါတယ်။ အတိတ်ကို ပြန်သတိရစေပြီး တပြိုင်နက် သစ်လွင်လတ်ဆတ်မှုအရသာကို ပေးတာမျိုးပါ။ ပါဝင်တဲ့ Element တွေက Memphis Design patterns, Simple Emojis, ခေတ်ဦးကွန်ပျူတာMessage Box Frame, Childhood အမှတ်တရတွေကို မှတ်မိစေမယ့် အရောင်တောက်တောက်အတုံးတွေနဲ့ ဖိတ်ယိုကျနေတဲ့ Slime တွေ။
(၂) Expressive Lettering

ကမောက်ကမ စာလုံး Style တွေ၊ စိတ်တွေဝေဝါးသွားစေမယ့် Shape တွေ၊ amorphous blobs တွေ အားလုံးရောထားတယ်။ ဒီလို lettering styles က Abstract Shape တွေနဲ့ စာလုံးတွေကြားမှာ ကစားထားတာဖြစ်ပါတယ်။
(၃) Ukiyo-e flat design

Ukiyo-e ဆိုတာ ၁၉ရာစုမှာ ပေါ်ပေါက်လာတဲ့ လက်လုပ်သစ်သားတုံးပေါ်မှာ ဆွဲတဲ့ ဂျပန် Art ဖြစ်ပါတယ်။ အဲ့တာကိုမှ Flat Vector တွေကို တကယ်မိုက်တဲ့ Effect တွေရအောင် ရိုးရိုးလေး Creative ကစားသွားတာဖြစ်ပါတယ်။
(၄) DAYDREAM DOODLES

Doodle တွေကတော့ မြန်မာနိုင်ငံမှာလည်း ခေတ်စားလာတာကို တွေ့ရပါတယ်။ Doodle ရဲ့ သဘောသဘာဝအတိုင်း ဆွဲတဲ့သူရဲ့ သဘောအတိုင်း လွတ်လွတ်လပ်လပ် စိတ်တိုင်းကျဆွဲတယ်။ ဒီဇိုင်းနာတွေက သူတို့ရဲ့ စိတ်ကူးထဲမှာရှိတဲ့ Abstract ဒီဇိုင်းတွေကို အသုံးပြုပြီး Digital နဲ့ လူ့သဘာဝထိတွေ့မှု နှစ်ခုကို ချိတ်ဆက်ပေးတယ်။
(၅) Anti-Design

သာမန် Design ဥပဒေသတွေနဲ့ သမားရိုးကျ aesthetics တွေကို မယူဘဲခွဲထွက် ဖန်တီးထားတဲ့ Design မျိုးဖြစ်တယ်။
(၆) Escapism

ကလေးလေးတွေ စာရွက်ပေါ်မှာ ဆွဲချင်တာလျှောက်ဆွဲသလိုမျိုး မထင်ထားတဲ့အရောင်တွေ၊ ပုံစံတွေနဲ့ ဆွဲထားတာမျိုးဖြစ်တယ်။ Artist အနေနဲ့ရော ဒီဇိုင်းကို မြင်ရသူပါ အတွေးစိတ်ကူးတွေကို ကျော်လွန်ဖြန့်ကျက်ထားသလို ခံစားရစေတယ်။
(၇) Y2K

Character တွေကို Crude ဖြစ်တဲ့ မျက်နှာပြင်တွေ၊ Low Poly CGI မျိုးတွေ၊ iridescent ဖြစ်တဲ့အရောင်တွေနဲ့ ဆွဲထားတယ်။ Y2K သည် ၂၀၀၀ ခုနှစ်အစောပိုင်း နည်းပညာဆိုင်ရာ ဒီဇိုင်းအမျိုးအစားဘက်ကို ပြန်သွားတာမျိုးဖြစ်တယ်။
(၈) Parametric Patterns

ရှုပ်ထွေးတဲ့ fluid နဲ့ three-dimensional ဖြစ်တဲ့ Geometric structure တွေနဲ့ ဖွဲ့စည်းထားတယ်။ ဒီ pattern တွေက architectural ခံစားမှုထက်စာရင် movement ဆိုတဲ့ ခံစားချက်ကို ပေးပါတယ်။
(၉) Frasurbane

Serif fontတွေ, အရမ်းမတောက်တဲ့အရောင်တွေနဲ့ Design element တွေကို စနစ်တကျ သေသေချာချာလေး နေရာချပေးထားတယ်။ Adult နဲ့ Youth နှစ်ခုကြားကို Balance ဖြစ်အောင် ထိန်းထားတဲ့ ဒီဇိုင်းမျိုးဖြစ်တယ်။
(၁၀) Intricate Maximalism

အရောင်တောက်တောက်တွေနဲ့ဖြည့်ထားတယ်။ Puzzle အစိတ်အပိုင်းတွေလို ဒီဇိုင်းအစိတ်အပိုင်းတစ်ခုစီကို ဆက်လိုက်တဲ့အခါမှာ ဒီဇိုင်းအပြည့်တပုံပြန်ရတယ်။ တစ်ပုံချင်းစီမှာလည်း သူ့သက်ဆိုင်ရာဒီဇိုင်းနဲ့သွားထားတယ်။
(၁၁) Extreme Bubble Design

စိတ်လှည့်စားမှုဖြစ်စေတဲ့ အရောင်နဲ့ ရှည်ရှည်မျောမျောစာလုံးပုံစံတွေသုံးပြီး အကြောင်းအရာတစ်ခုကို ချဲ့ကားဖော်ပြချင်တဲ့ နေရာမျိုးမှာသုံးနိုင်တယ်။ ကလေးဆန်တဲ့ လေပူဖောင်းဒီဇိုင်းမျိုးဆိုပေမယ့် အရမ်းလည်းကလေးမဆန်တဲ့ ဒီဇိုင်းမျိုးဖြစ်တယ်။
(၁၂) Grunge Revival

Gritty textures တွေ၊ အရိပ်ပါတဲ့ပုံတွေ၊ Journaling လုပ်သလို ပုံတွေကို collage လုပ်ပြီးစုသလိုမျိုး ဒီဇိုင်းမျိုးဖြစ်တယ်။ Aesthetic ဖြစ်မှုတွေက စွမ်းအင်တွေထုတ်လွှတ်သလို ခံစားရစေတယ်။ မှင်ရာတွေနဲ့ မှင်ကွက်ရာတွေက စိတ်ခံစားမှု အရွေ့အလျားတွေကို ဖန်တီးပေးတယ်။
ဒီလိုမျိုး Trendy ဖြစ်တဲ့ Design Theme တွေနဲ့ လူကြီးမင်းရဲ့ Brand ကို အဆင့်မြှင့်တင်ချင်တယ်ဆိုရင်တော့ B360 Marketing Consulting Firm နဲ့ ဆက်သွယ်လိုက်ပါ။