စစ်တမ်းတစ်ခုရဲ့ လေ့လာတွေ့ရှိချက်အရ အိမ်ခြံမြေ ဝယ်ယူသူတွေရဲ့ ၈၇% ဟာ Real Estate Agent တွေနဲ့ အလုပ်လုပ်ကြပြီး Agent တွေနဲ့ အဝယ်အရောင်းလုပ်တဲ့ ဝယ်ယူသူတွေရဲ့ ၉၄%က ကောင်းမွန်တဲ့ Buying Experiences တွေရတယ်လို့ဆိုပါတယ်။ ကောင်းမွန်တဲ့ Buying Experiences ရတဲ့သူတွေဟာ ထပ်ကာတလဲလဲ လာဝယ်မယ့်သူတွေဖြစ်ပြီး ကိုယ်တိုင် ဝယ်ယူယုံသာမက အခြားသူတွေကိုပါ ညွှန်းပေးကြပါတယ်။ ဒီလို ကောင်းမွန်တဲ့ Experience တွေပေးနိုင်တဲ့ အောင်မြင်တဲ့ Real Estate Company တွေဟာ Customer Relationship Management ကို အရမ်း ဂရုစိုက်ကြောင်းလည်း ထူးထူးခြားခြား တွေ့ရှိရပါတယ်။
Real Estate Company တွေအနေနဲ့ ကောင်းမွန်တဲ့ CRM Software တစ်ခုကို အသုံးပြုနိုင်ဖို့ဟာ အရမ်းအရေးကြီးပါတယ်။ ဒါကြောင့် Real Estate CRM အကြောင်း ပြည့်ပြည့်စုံစုံ ကို သေသေချာချာလေး ဖတ်ဖို့ တိုက်တွန်းချင်ပါတယ်။
Real Estate CRM ဆိုတာ ဘာလဲ?
Real Estate CRM ဆိုတာ ကိုယ့်ရဲ့ Customer တွေနဲ့ Relationship ဆောက်တဲ့နေရာမှာ အသုံးပြုတဲ့ Management Software တစ်ခုဖြစ်ပါတယ်။ Real Estate CRM Softwareတွေဟာ Agents တွေ၊ Sales Personတွေ၊ Brokers တွေကို သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေ စီမံခန့်ခွဲရာမှာ အသုံးပြုဖို့အတွက် Design ပြုလုပ်ရေးဆွဲထားတာပါ။

ဒီလိုမျိုး CRM Software Database ရှိမှလည်း Sales, Marketing နဲ့ Information Management ပြုလုပ်ရာမှာ လွယ်ကူမှာဖြစ်ပြီး Report ကြည့်ရှူဖို့အတွက်လည်း Data တွေကို တစ်စုတစ်စည်းတည်း ပြင်ဆင်ထားပြီးသားဖြစ်မှာပါ။ CRM Software တွေဟာ Company နဲ့ Customer အကြား Data တွေကို ပေါင်းကူးပေးတဲ့ Software တစ်ခုဆိုလည်း မမှားပါဘူး။
Real Estate CRM Software ရဲ့ အကျိုးကျေးဇူးများ

လုပ်ငန်းရှင်တွေနဲ့ Sales Rep တွေဟာ Real Estate CRM ကို အသုံးပြုခြင်းဖြင့်
- Customer Data ကို တစ်နေရာတည်းမှာ တစ်စုတစ်စည်းတည်း သိမ်းနိုင်ခြင်း
- Marketing ဘက်မှ ရှာပေးသော Leads များကို Tracking ပြုလုပ်နိုင်ခြင်း
- Sales Team ကို လွယ်ကူစွာ Manage ပြုလုပ်နိုင်ခြင်း
- Sales Teamရဲ့ Performance တိုးတက်လာခြင်း
- Sales Revenue များကို လွယ်ကူရိုးရှင်းသော Real-time Report ဖြင့် ကြည့်နိုင်ခြင်း
- Meeting Management ပြုလုပ်နိုင်ခြင်း
- Quote ဖန်တီးနိုင်ခြင်း
- Sales Process များကို Automate ပြုလုပ်နိုင်ခြင်းတို့ကြောင့် လုပ်ငန်းရှင်များအတွက် အချိန်ကုန်သက်သာကာ Sales Volume တိုးဖို့ အထောက်အကူဖြစ်စေပါတယ်။
CRM တွေဟာ Sales Volume အများအပြားကို Manage လုပ်ရာမှာ လွယ်ကူစေပြီး Sales Manager တွေဟာ Sales Team ရဲ့ Performance ကို CRM ကနေတဆင့် Tracking ပြုလုပ်နိုင်ပါတယ်။
All-in-one CRM Software ကို အသုံးပြုခြင်းဖြင့် Sales Rep များအနေနဲ့ Business Data များဖြစ်သည့် Customer Contacts, Deals, Quotations, Proposals, Contractsများကို တစ်နေရာတည်းမှာ သိမ်းထားနိုင်သည့်အတွက် အလုပ်လုပ်ရာတွင် လျှင်မြန် လွယ်ကူစေပါတယ်။
CRM အမျိုးအစား (3)ခု
CRM Software အသုံးပြုဖို့ ရွေးချယ်ရာမှာ လုပ်ငန်းရဲ့ လိုအပ်ချက်အပေါ်မူတည်ပြီး Software မျိုးစုံရွေးချယ်နိုင်ပါတယ်။ CRM အမျိုးအစားကို အဓိကအားဖြင့် Cloud-based CRM, On-premises CRM နှင့် Hybrid CRMဆိုပြီး ခွဲနိုင်ပါတယ်။
Cloud-based CRM
Cloud-based CRM ဆိုတာကတော့ CRM Softwareကို Internet အသုံးပြုပြီး မည်သည့်နေရာ၊ မည်သည့် Device မှ မဆို အချက်အလက်များကို Upload, Download လုပ်နိုင်သည့် CRM ဖြစ်သည်။ Cloud-based CRMများသည် လက်ရှိအချိန်တွင်ခေတ်စားပြီး Company တိုင်း အသုံးပြုနေသည့် Online Based CRM ဖြစ်သည်။
Data များကို Cloud Storageပေါ်တွင် တင်ထားခြင်းဖြစ်သဖြင့် Company များအတွက် ကုန်ကျစရိတ်သက်သာပြီး နေရာအစုံ၊ Department အစုံမှ လွယ်ကူစွာ အချက်အလက်များကို စီမံခန့်ခွဲနိုင်သည်။
ထို့အပြင် Software Company များမှ Feature Update များနှင့် Technical Details များကို ပုံမှန် ထိန်းသိမ်းပြီး Update လုပ်ပေးနေသည်ဖြစ်သဖြင့် Real Estate Business Owner များအတွက် Hardware နှင့် Technical Expats များအတွက် ကုန်ကျစရိတ် ပေးစရာမလိုသဖြင့် စရိတ်သက်သာပါသည်။
On-premises CRM
On-premises CRM Software ဆိုတာကတော့ လုပ်ငန်းရှင်တွေအနေနဲ့ Data များကို ကိုယ်ပိုင် ကွန်ပျူတာများတွင် သိမ်းဆည်းပြီး အသုံးပြုရသည့် CRM အမျိုးအစားဖြစ်ပါသည်။
On-premises CRM များ၏ အားသာချက်တစ်ခုမှာ Data များကို ကိုယ်ပိုင် Hardware များတွင် သိမ်းဆည်းထားခြင်းဖြစ်သည်။ သို့သော် ယင်းကဲ့သို့ Data များကို သိမ်းဆည်းနိုင်ရန်အတွက် Software နှင့် Hardware နည်းပညာကျွမ်းကျင်သူများလိုအပ်ပြီး ကုန်ကျစရိတ်များပြားလှသည်။
Hybrid CRM
Hybrid CRM ဆိုတာကတော့ Cloud နှင့် Data Sync ထားပြီး အချက်အလက်များကို Online တွင် သိမ်းထားသလို On-premises အနေနှင့်လည်း Hardware များနှင့် သိမ်းဆည်းထားသည့် CRM အမျိုးအစားဖြစ်ပြီး အသုံးပြုသူနည်းပါးလှသည်။
Real Estate CRM နဲ့ ပတ်သက်ပြီး ပြည့်ပြည့်စုံစုံ သိသွားပြီးပြီဆိုရင်တော့ CRM Software တစ်ခု ဝယ်ဖို့ စဉ်းစားတဲ့အခါ ထည့်သွင်းစဉ်းစားရမယ့် အချက်အလက်တွေကို သိဖို့ကလည်း လိုလာပြန်ပါပြီ။ ဒီအတွက်တော့ Beyond 360 Marketing Technology Firm က ရေးသားထားတဲ့ CRM Buying Guide ကို ဖတ်စေချင်ပါတယ်။
Beyond 360 Marketing Technology Firm အနေနဲ့ Real Estate လုပ်ငန်းများကို Digital Transformation ပြုလုပ်ပေးခြင်းနှင့် Cloud-based CRM Consulting & Implementation ပြုလုပ်ပေးသည့် One-stop ဝန်ဆောင်မှုများကို ပေးနေပြီဖြစ်သည်။
