What is CRM?
CRM ဆိုတာက Customer Relationship Management software တစ်ခုဖြစ်ပါတယ်။ ကိုယ့်လုပ်ငန်းနဲ့ customer ကြားက relationship တွေ၊ interaction တွေကို manage လုပ်ပေးတဲ့ software တစ်ခုပေါ့။ တော်တော်များများက CRM ဆိုရင် Sales team အတွက်လို့ပဲ ထင်ကြပါတယ်။ CRM ဟာ marketing နဲ့မဆိုင်ဘူးလို့ တွေးကြပါတယ်။ အမှန်ကတော့ CRM ဟာ marketing အတွက် အရမ်းအရေးပါတဲ့၊ အသုံးဝင်တဲ့ tool တစ်ခု ဖြစ်ပါတယ်။ CRM ဟာ inbound lead တွေကို track လုပ်နိုင်၊ manage လုပ်နိုင်ပြီး sales team နဲ့ marketing team တို့အတွက် friction တွေကို လျှော့ချနိုင်ပြီး impact ပိုမြင်လာစေနိုင်တဲ့ all-in-one platform တစ်ခုဖြစ်ပါတယ်။
၉၀% သော marketer တွေက lead generation ဟာ သူတို့အတွက် အရေးကြီးဆုံးဖြစ်တယ်လို့ ဆိုကြပါတယ်။ CRM ဟာသေချာသုံးတတ်မယ်ဆိုရင် marketing အတွက် အရမ်းအသုံးဝင်တဲ့ tool ဖြစ်ပြီး marketer တွေအတွက် အရမ်းအရေးပါတဲ့ lead generation campaign တွေကို ဖန်တီးနိုင်ပါတယ်။

The role of CRM in Marketing
Marketing အတွက် CRM ရဲ့ role တွေကို ၃ ပိုင်း ခွဲပြီး ပြောပြသွားပါမယ်။
- Managing inbound leads
- Supporting data-driven marketing
- Planning customer journeys
- Manage inbound leads
CRM ဟာ data တွေ store လုပ်ထားနိုင်တဲ့ one central hub ဖြစ်ပါတယ်။ Marketing channel တွေ၊ campaign တွေကနေ ရလာတဲ့ data တွေကို CRM ထဲမှာ အလိုအလျောက် သိမ်းပေးထားနိုင်ပါတယ်။ Customer တစ်ယောက်က Landing page ကနေ form တစ်ခုဖြည့်သွားတာ၊ ebook download လုပ်ထားသွားတာမျိုး၊ Live Chat ကနေ စကားလာပြောတာမျိုး ဆိုရင်လည်း customer ရဲ့အချက်အလက်နဲ့ interaction တွေကို CRM က track လုပ်ထားမှာ ဖြစ်ပါတယ်။ HubSpot CRM ရဲ့ Marketing Hub မှာဆိုရင် Landing page ဖန်တီးတာ၊ form လုပ်တာကစလို့ live chat ပြုလုပ်တာအထိ တော်တော်များများကို HubSpot ထဲမှာပဲ ဖန်တီးလို့ရပါတယ်။
ဒီလိုပြုလုပ်နိုင်ခြင်းဖြင့် marketer တွေအနေနဲ့ lead generation campaign တွေကနေ inbound lead တွေ ဘယ်လောက်ဝင်နေပြီလဲ။ ဒီလူတွေကရော sales team အတွက် qualify ဖြစ်ရဲ့လား ပြန်စမ်းစစ်နိုင်ပါတယ်။
- Supporting data-driven marketing
CRM မှာ Customer တွေရဲ့ data တွေ၊ interaction အကုန်လုံးကို track လုပ်ထားတဲ့အတွက် ဒီ dataတွေကို marketing activities တွေမှာ ပြန်အသုံးချနိုင်ပါတယ်။ Data ကို အခြေခံပြီး campaign တွေ ပြုလုပ်တဲ့အတွက် guess work တွေထက် ပိုပြီးတိကျသေချာတဲ့ campaign result တွေ ရနိုင်ပါတယ်။
- Planning customer journey
Customer journey လို့ပြောလိုက်တာနဲ့ ဒီ journey ကို proper tracking လုပ်နိုင်တာက CRM ပါပဲ။ Customer interaction တွေ၊ behavior တွေကို စုဆောင်းပြီး record လုပ်ပေးထားတဲ့အတွက် ဒီ customer ကတော့ ဘယ်အဆင့်မှာ ရှိနေလဲ၊ engagement ဘယ်လောက်ကောင်းလဲ သိနိုင်ပါတယ်။ Customer အဖြစ် fully convert လုပ်နိုင်ဖို့ ဘာတွေထပ်လုပ်နိုင်မလဲ စတဲ့ insight တွေကို ဆက်လက်တွေးတောနိုင်မှာ ဖြစ်ပါတယ်။
How to use CRM for marketing
- CRM for data centralization
Data တွေက စနစ်တကျသိမ်းထားနိုင်မှ လိုအပ်သလို ပြန်သုံးနိုင်မှာပါ။ အပေါ်မှာ ဖော်ပြခဲ့သလိုပဲ CRM ဟာ data တွေကို အလိုအလျောက်သိမ်းပေးနိုင်သလို offline ရလာတဲ့ contact တွေကိုလည်း import လုပ်နိုင်ပါတယ်။ Sales team ဘက်က data တွေရော၊ Marketing data တွေရော align လုပ်ပြီး သိမ်းဆည်းထားနိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။ ဒီလိုသိမ်းဆည်းနိုင်ဖို့ဆို HubSpot CRM လို CRM database တစ်ခုလိုအပ်ပါတယ်။ Excel sheet တွေနဲ့ ပြန့်ကျဲနေတဲ့ဒေတာကို ကြည့်မယ်အစား CRM နဲ့ဆိုရင် organize ဖြစ်ဖြစ်နဲ့ one central hub မှာ data တွေကို စုစည်းနိုင်မှာဖြစ်ပါတယ်။

- CRM for Email Marketing
ကိုယ့် customer တွေ၊ audience တွေနဲ့ အမြဲထိတွေ့နေဖို့အတွက် email marketing လုပ်ဖို့လိုအပ်ပါတယ်။ ဒါ့အပြင် CRM ကနေ email marketing တွေလုပ်မယ်ဆိုရင် ပိုပြီး personalized ဖြစ်တဲ့ email တွေ ပို့နိုင်ပါတယ်။ လုပ်ငန်းတွေအနေနဲ့ Audience တိုင်းကိုတော့ တူညီတဲ့မက်ဆေ့ဂျ် ပို့မှာမဟုတ်ပါဘူး။ Audience တွေရဲ့ demographic၊ behaviour နဲ့ interest စသဖြင့် ခွဲခြားပြီး သက်ဆိုင်ရာ marketing email တွေ campaign တွေ ပို့ကြတာပဲ ဖြစ်ပါတယ်။ လုပ်ငန်း business goal အရ targeting customer တွေ account တွေကိုလည်း segment လုပ်ဖို့လိုအပ်ပါတယ်။ CRM မှာ Segmentation ကို List တွေနဲ့ သေချာသတ်မှတ် ခွဲခြားလို့ရပြီး သက်ဆိုင်ရာ segment အလိုက် target သေချာ လုပ်နိုင်မှာဖြစ်ပါတယ်။CRM ထဲက data တွေ၊ list segmentation အရ ကိုယ် target ထားတဲ့ audience ကို relevant ဖြစ်တဲ့ email တွေ ပို့ပေးခြင်းဖြင့် customer တွေရဲ့ trust ကို ရယူနိုင်ပါတယ်။

- CRM for Social Media Marketing
ကိုယ့်လုပ်ငန်းရဲ့ social media platform အကုန်လုံးကို CRM နဲ့ ချိတ်ဆက်ပြီး monitor လုပ်နိုင်ပါတယ်။ Platform အစုံက audience တွေအကြောင်းနဲ့ လုပ်ငန်းရဲ့ platform ကိုလည်း တစ်နေရာတည်းမှာ လွယ်လွယ်ကူကူ ကြည့်နိုင်ပါတယ်။ ဒါ့အပြင် performance တွေကိုလည်း analysis တစ်ခါတည်းလုပ်နိုင်ပါတယ်။ HubSpot Marketing Hub လိုမျိုး CRM tool နဲ့ဆိုရင် ads တွေကိုပါ CRM ထဲကနေ manage လုပ်နိုင်ပြီး ROI တွေ၊ ads analysis ပါ သိနိုင်မှာ ဖြစ်ပါတယ်။

အခုဆိုရင် marketing အတွက် CRM ရဲ့ ဘယ်လိုသုံးနိုင်လဲဆိုတာကို ပြောပြပေးသွားတာပါ။ ကိုယ့် marketing အတွက် CRM ကို သုံးချင်တယ်ဆိုရင် marketing အတွက် focus လုပ်ပေးထားတဲ့ HubSpot CRM ရဲ့ Marketing Hub ရှိပါတယ်။ HubSpot CRM ဟာဆိုရင် G2 က ထုတ်ပြန်ချက်အရ world CRM market မှာ rank 1 ချိတ်ထားတဲ့ software ပဲဖြစ်ပါတယ်။ HubSpot ကို ကိုယ့်လုပ်ငန်းအတွက် သုံးချင်တယ်ဆိုရင် မြန်မာ့ပထမဆုံး HubSpot Certified Gold Partner နဲ့ 2022 Impact Award Winner ဖြစ်တဲ့ B360 Marketing Technology Firm ကို ဆက်သွယ်လိုက်ပါ။ Experience driven company ဖြစ်တဲ့အတွက် လူကြီးမင်းတွေရဲ့ လုပ်ငန်းအတွက် သင့်တော်တဲ့ solution တွေကို ပေးဖို့အဆင်သင့်ရှိနေတာမို့ အခုပဲ ဆက်သွယ်လိုက်ပါ။