Free Online Training Class | Free Marketing & Sales Certificates

HubSpot Academy မှာ အခမဲ့လေ့လာပြီး Certificates တွေရယူပါ။

Course နဲ့ Certificateတွေက အခမဲ့ဆိုပေမယ့် အနှစ်သာရရှိတယ်။

hubspot-academy-myanmar
HubSpot Academy

HubSpot ဟာ CRM တစ်ခုဆိုတာထက်ပိုပြီး လုပ်ငန်းကို ချောချောမွေ့မွေ့နဲ့ လည်ပတ်နိုင်မယ့် Inbound လိုမျိုး Frictionless Conceptတွေ၊ Digital Marketing၊ Sales နဲ့ Website Design အပိုင်းတွေကိုပါ HubSpot Academy ဆိုပြီး အခမဲ့ သင်ကြားပေးနေပါတယ်။ ဒါဟာ Marketers တွေ၊ Sales Person တွေ၊ Designers တွေ၊ Developers တွေနဲ့ Management Level က လူတွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အခွင့်အရေးတစ်ခုပါ။ အခြား Free Certificate ပေးတဲ့ အတန်းတွေနဲ့ မတူတာက စာတကယ်လိုက်လုပ်ရပြီး စာမေးပွဲတွေဖြေနိုင်မှ Certificate ရပါတယ်။ (အဖြေတွေကိုတော့ Onlineက ရှာပြီး ကူးမချဖို့လိုပါတယ်။) ကမ္ဘာတစ်လွှားမှာ သင့်လိုမျိုးပဲ ဒီ HubSpot Academy မှာ လေ့လာနေတဲ့ လူပေါင်း 165,000 လောက်ရှိနေပါပြီ။

Marketing, Sales, Design, Development Certificate အစုံရှိတဲ့ HubSpot Academy

popular-digital-marketing-class
HubSpot Certifications

အများအားဖြင့် အဖွဲ့အစည်းတစ်ခုက သေသေချာချာ Training ပေးပြီး Sales နဲ့ ပတ်သက်တဲ့ Certificate ထုတ်ပေးတာ ရှားပါတယ်။ HubSpot Academy မှာတော့ မြင်နေတွေ့နေကျ Marketing Certificates တွေအပြင် Sales, Website Design, Website Development လိုမျိုး Certificate တွေကိုပါ Course တွေသတ်သတ်မှတ်မှတ်ထားပြီး ပေးနေတာကိုတွေ့ရမှာပါ။

သိချင်တဲ့ အကြောင်း၊ ကြာချိန်နဲ့ Levels တွေ ခွဲပြီးလေ့လာလို့ရပါတယ်။

hubspot-crm
HubSpot Academy All Courses

HubSpot Academy ရဲ့ အားသာချက်ကတော့ သင်ပေးတဲ့ Category တွေကများတယ်ဆိုပေမယ့် ရှာရတာလွယ်ကူတဲ့ Feature ပါပါတယ်။ ကိုယ်လေ့လာချင်တဲ့ Category, Content Type, Duration, Levels နဲ့ Language တွေကို ရွေးချယ်နိုင်ပါတယ်။

ဘယ်လိုမျိုးလေ့လာရမယ်ဆိုတဲ့ Learning Paths

hubspot-learning-paths
Learning paths

HubSpot Academy မှာ တက်လို့ရတဲ့ Course တွေများလွန်းလို့ မရွေးတတ်တဲ့သူတွေအတွက်လည်း HubSpot က ကိုယ်ရွေးချယ်ထားတဲ့ Career အလိုက် တက်သင့်တဲ့ Course တွေကို Learning Path ဆိုပြီး ပြန်စုပေးထားပါတယ်။ ဥပမာ ကိုယ်က Sales Rep တစ်ယောက်အနေနဲ့ အလုပ်ဝင်နေတယ်ဆိုရင် ကျန်တဲ့ Course တွေအစား Sales Representative ဆိုတဲ့ Learning Path က ကိုယ့်အတွက် ပိုသင့်တော်ပါတယ်။ ဒါပေမယ့် HubSpot ရဲ့ Learning Path က သိပ်မစုံလို့ ကျွန်တော်တို့ B360 ကနေပြီး Industry အလိုက် ကိုက်ညီတဲ့ Learning Path လေးတွေ ပြန်လုပ်ပေးထားပါတယ်။

Learning Path တွေအလိုက် စာကြည့်ပြီးရင်တော့ exam တွေဖြေနိုင်ပြီး အောင်မြင်ရင် HubSpot CRM ကပေးတဲ့ Certificate ရမှာဖြစ်ပါတယ်။

အခုပဲ HubSpot Academy မှာ လေ့လာရင်း Skills အသစ်တွေ သင်ယူရင်း ကိုယ့် Career (သို့မဟုတ်) Business ကို တစ်ဆင့်ထပ်မြှင့်လိုက်ပါ။