အရင်ဆုံး Lead Ads တွေကို သုံးဖို့မပြောခင်မှာ Facebook Leads အကြောင်း အရင်သိဖို့ လိုပါတယ်။
Facebook Leads ဆိုတာဘာလဲ ?
Traditional Lead Generation Conversion Method မှာ Users တွေကို Contact Form ရှိရာကို ခေါ်သွားပြီး အချက်အလက် အရင်ဖြည့်ခိုင်းပါတယ်။ Users တွေက ကျွန်တော်တို့ တောင်းဆိုထားတဲ့ အချက်အလက်တွေကို Facebook ကြော်ငြာ (Ads) တွေကနေ တစ်ဆင့်တွေ့ပြီး အချက်အလက်တွေ ဖြည့်ဖို့အတွက် Facebook ကနေ Website မှာရှိတဲ့ Contact Form ဆီကို သွားရပါတယ်။

ဒီ Method ကို သုံးမယ်ဆိုရင် ကျွန်တော်တို့ Offer တွေကို တကယ်စိတ်ဝင်စားတဲ့ သူတွေအတွက်တော့ Qualify Leads တွေဖြစ်လာနိုင်တယ်။ ဒါပေမယ့် ကျွန်တော်တို့ ကမ်းလှမ်းချက် (Offer) တွေကို အနည်းငယ်သာ စိတ်ဝင်စားတဲ့လူမျိုး (ဒါမှမဟုတ်) ကျွန်တော်တို့ အကြောင်းကို ပထမဆုံးကြားဖူးတဲ့ လူတစ်ဦးသာ ဖြစ်မယ်ဆိုရင် သူတို့ဟာ Facebook ထဲကနေ မထွက်သွားချင်ပါဘူး။ ရှင်းရှင်းပြောရရင် ကျနော်တို့ Form ကို ဖြည့်ဖို့အတွက်နဲ့ Facebook ကနေ ထွက်သွားချင်ကြမှာ မဟုတ်ပါဘူး။

Facebook Lead Ads တွေရဲ့ရည်ရွယ်ချက်က Users တွေ Platform ပေါ်မှာ ကြာနိုင်သမျှ ကြာကြာ နေနိုင်အောင် ရည်ရွယ်ထားခြင်းဖြစ်တယ်။ Facebook App ကနေ ထွက်ပြီး External Landing Pages တွေဆီ သွားနေရမယ့်အစား Facebook အသုံးပြုနေရင်းနဲ့တင် Conversion လုပ်လို့ရအောင် လုပ်ဆောင်ထားတဲ့ အဓိကရည်ရွယ်ချက်လို့ ပြောလို့ရပါတယ်။
Lead Ads တွေက Facebook ပေါ်မှာ ဘယ်လိုအလုပ်လုပ်သလဲ ?
Facebook Lead Ads တွေက အခြားသော Paid Ads တွေနဲ့ အလားသဏ္ဍာန်တူပါတယ်။ Facebook Ads Manager ကနေ Targeting Features တွေကို Customize အရင်လုပ်မယ်။ Creative Assets ကနေ လိုသလို ဖန်တီးမယ်၊ မှန်ကန်တဲ့ Audience တွေဆီ သင့်တင့်တဲ့ Budget နဲ့ Ads တွေလွှတ်မယ်။ အဲ့ဒီအခါမှာ Facebook က Potential Customer တွေရဲ့ Information အရ Ads တွေကို ပြသပေးပါတယ်။
Lead Ads တွေကို သုံးပြီး Form ဖြည့်ခိုင်းတဲ့ ပုံစံအမျိုးမျိုးရှိပေမယ့် အများအားဖြင့် Promotion တွေကို ပြောပြပြီး Form ဖြည့်ခိုင်းတာတွေနဲ့ပဲ အသုံးများကြပါတယ်။
User တစ်ယောက်က ကျွန်တော်တို့ရဲ့ Lead ကို Facebook စာမျက်နှာမှာ တွေ့မယ်။ Facebook ကလည်း ဖြည့်ရမယ့် E-mail လိပ်စာတွေ၊ နာမည်တွေ၊ ဖုန်းနံပါတ်တွေ တစ်ခါတည်း စီစဉ်ပြီးသား ဖြစ်တဲ့အတွက် အခြားလိုအပ်တဲ့ မေးခွန်းတွေကိုလည်း လိုသလို ထပ်ထည့်နိုင်သေးတာမို့ ကိုယ့်ဘက်ကသာ Lead Flow ကို ကောင်းကောင်းဆွဲထားပြီး Customer Attention ရလာဖို့ပဲ အဓိကထားသင့်ပါတယ်။
Leads တွေကို ဘယ်လို ပြန်လိုက်မလဲ?

ဒါ့အပြင် Facebook ကနေတဆင့် ရရှိလာတဲ့ Lead Information တွေကိုတော့ HubSpot CRM လိုမျိုး CRM Software တစ်ခုနဲ့ auto lead syncing လည်း ပြုလုပ်လို့ရတာမို့ Sales Rep တွေနဲ့ Marketers တွေကြားမှာ Lead အလွှဲအပြောင်းနောက်ကျတာ၊ လေလွင့်တာမျိုးတွေ မဖြစ်တော့ပါဘူး။
