အခုခေတ်မှာ လူတွေအားလုံး Digital Marketing လုပ်ကြတယ် တော်တော်များများက result မကောင်းတာတွေနဲ့ ကြုံရတယ်။ အဲ့တော့ Digital Marketing လုပ်တဲ့အခါ လုပ်ငန်းရှင်တွေ ကိုယ်တိုင်မသိတဲ့ အမှားတွေက ဘာတွေလဲ?

ဒီစာဖတ်နေတဲ့ မိတ်ဆွေဆီမှာလဲ အခက်အခဲက အပေါ်မှာပြောသွားသလို result ပေါ်မှာသွားထိကြမယ် မြင်ပါတယ်။ ကိုယ့် Business အတွက် Digital Marketing Plan တစ်ခု Campaign တစ်ခု နဲ့ လက်တွေ့ Market ထဲ ၀င်တိုးကြည့်တယ်။ ရက်ရှည်၊ လရှည်တွေလဲ စမ်းလုပ်ကြည့်တယ်။ အရာမထင်ဘူးဆိုရင် မိတ်ဆွေဆီမှာ အမှားတစ်ခုခုတော့ရှိနေလို့ပါ။
အခုပြောမယ့် အချက်တွေက မိတ်ဆွေရဲ့ Digital Marketing Strategy and Planning တွေကို Result မကောင်းတဲ့ အဖြေတွေကနေ လွတ်ကင်းအောင် ထောက်ပြပေးမယ့်၊ Digital Marketing လုပ်တဲ့အခါ လူအများစုမှားလေ့ရှိတဲ့ အမှားတွေပဲဖြစ်ပါတယ်။
Clear Goal သတ်မှတ်မထားခြင်း
ကိုယ်က Digital Marketing သာလုပ်နေတယ်။ ဘာကြောင့်လုပ်နေတာလဲဆိုတာ မစဉ်းစားထားရင် အကြီးအကျယ်စလွဲတာပါပဲ။ အမှန်တကယ်ဆို Facebook မှာ ads တစ်ခု run ရင်တောင် Objective တစ်ခု ယူခိုင်းတယ်ဆိုတာ တွေ့ကြမှာပါ။ တကယ်လို့ ကိုယ်က Digital Marketing ကို ကိုယ့် Business အတွက် ဦးဆောင် Run နေပြီဆို ကိုယ်တိုင်က လစဉ်၊ နှစ်စဉ် Digital Marketing ကနေ Profit Generate လုပ်ချင်တာလား၊ ကိုယ့် Brand ကို လူတွေကြားထဲ Awareness များများရစေချင်တာလား၊ ကိုယ့် Website ကို လူများများ ၀င်ကြည့်စေချင်တာလား အစရှိတဲ့ တိကျတဲ့ Goal တစ်ခုကို လုပ်ငန်းရှင်ကိုယ်တိုင်က သတ်မှတ်ထားရပါမယ်။
Goal သတ်မှတ်မှတ်ရှိမှသာ ကိုယ့်လက်အောက်က Operation team တွေက ကိုယ်ဖြစ်စေချင်တဲ့ Goal အတိုင်း step by step လုပ်ဖို့ ထင်ထင်ရှားရှား သိကြမှာပါ။
Customers အကြောင်း ထဲထဲ၀င်၀င်မသိခြင်း
ကိုယ့် Customer အကြောင်း ကိုယ်ကိုယ်တိုင် အသိဆုံးဆိုကြပေမယ့် 360 degree ပတ်ပတ်လည်လည်ကို ကိုယ်တင်မကဘူး လက်အောက်က Operation team က လူတွေပါ ထဲထဲဝင်ဝင်ဝင် သိထားနေရမှာပါ။ ကိုယ့် Business ကို လာပြီး relationship လုပ်နေတဲ့သူတွေက ဘယ်လို demographic ထဲကလဲ ဘယ်လို behaviors ရှိနေလဲ စတာတွေကို သေချာ သဲသဲကွဲကွဲ မသိခြင်းကလဲ အမှားတစ်ရပ်ဖြစ်နိုင်ပါတယ်။ ကိုယ့် Digital Marketing Strategy တစ်ခုမှာ creative content တွေနဲ့ informative contents တွေ ထုတ်နေပေမယ့် Customer Persona ကို တိတိကျကျ မသိပဲသွားနေခြင်းက ခဏတာသာ engagement ရနိုင်စေမယ့် short term goals တွေကိုပဲ ပြည့်မြောက်စေပါလိမ့်မယ်။
Mobile Audience အတွက် မစဉ်းစားပေးခြင်း
ယခုခေတ်မှာ B2B ပဲ ဖြစ်ဖြစ်၊ B2C ပဲဖြစ်ဖြစ် ကိုယ်လုပ်နေတဲ့ business ရဲ့ customer based ကို သေချာထိရောက်ချင်တယ်ဆို mobile ကို သေချာ focus ဖို့ပြောချင်ပါတယ်။ Digital Marketing သမားတွေ အများစုမှားလေ့ရှိတာက graphic ကို mobile size မလုပ်တာ UI , UX တွေက mobile friendly မဖြစ်တာ mobile မှာ သုံးဖို့အဆင်မပြေဘူးတာတွေ ခဏခဏ ကြားနေရရင် သင့် business ရဲ့ Digital Media delivering experience မှာ တစ်ခုခုတော့ မှားနေတာ အသေအချာပါ။ ယနေ့ခေတ်ဟာ playstore မှာ တစ်ချက်ခေါက်ရုံနဲ့ B2B ကော B2C လုပ်ငန်းရှင်တွေအတွက်ပါ ဦးစားပေးတဲ့ working improvements ဖြစ်စေမယ့် app တွေ တောက်လျှောက်ပေးနေတာ တွေ့ပါလိမ့်မယ်။ အဲ့လိုပေးခြင်းဟာ အလကားမဟုတ်ပါဘူး။ Mobile audience ရဲ့သုံးစွဲမှု user acquisition ကို အရင်ရယူကြတာပါ။ သုံးကြည့်ပြီးလို့မှ နောက်ထပ် desktop version အတွက် web တွေ Mac OS version တွေ ထပ်စမ်းသပ်ဖန်တီးခြင်းဟာ ယနေ့မြန်မာနိုင်ငံအတွက် အလိုက်ဖက်ဆုံး strategy ဖြစ်ပါတယ်။
Traditional Marketing ကို Online နှင့် မပေါင်းစပ်နိုင်ခြင်း
လုပ်ငန်းရှင်တော်တော်များများဟာ Online ဆို Online၊ Offline traditional marketing ဆို offline အားစိုက် လုပ်ချင်ကြပါတယ်။ တကယ်တော့ ဒါဟာ မှားပါတယ်။ အောင်မြင်တဲ့ Marketing Campaign တွေဟာ Online နဲ့ Offline တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ခြင်းတွေက လာတာပါ။ ကိုယ်က offline မှာ show တွေ၊ Event တွေ ဘယ်လောက်ပဲ ချဲ့လုပ်နေပါစေ ပွဲပုံရိပ်တွေ၊ ပွဲမလာခင် event creating process တွေ၊ ပွဲရဲ့result outcomes တွေကို မပြသနိုင်ရင် marketing campaign တစ်ခုဟာ Strong ဖြစ်တယ်လို့ မသတ်မှတ်နိုင်ပါဘူး။ ဒီဘက်ခေတ်မှာ posters တွေက
အလုပ်မဖြစ်တော့ပါဘူး။ Billboard တွေက အကျိုးမရှိတော့ဘူး ပြောနေကြပေမယ့် marketing ပြည့်ဝတဲ့ billboard ပုံကို Digital platform ပေါ်တင်ပြီး ပွဲဆူအောင် ပေါက်သွားတဲ့ posts တွေကိုလဲ မမေ့ပါနဲ့လို့ပြောချင်ပါတယ်။
E-mail များကို ဂရုမစိုက်ခြင်း
ယနေ့ခေတ်မှာ e-mail သုံးသူ နည်းသွားပြီထင်လို့ကတော့ မိတ်ဆွေ အမှားကြီးမှားသွားမှာပါ။ E-mail ကို ကောင်းကောင်းအသုံးမချတတ်ဘူးဆိုရင် ကိုယ့်ဆီကို ရောက်လာတဲ့ အခွင့်အရေးတွေကို ပုတ်ချနေတာနဲ့တူတူပါပဲ။ အလားတူပဲ ကိုယ်ကနေ အခြားကိုယ်နဲ့ deal လုပ်မယ့် customer အကြီးတွေကို ပို့ဖြစ်မယ်ဆိုရင်လဲ email က categorized အဖြစ်ဆုံးနဲ့ specific အဖြစ်ဆုံးဖြစ်ပြီး social media ထက် ပို strong ဖြစ်တဲ့ digital marketing strategy တစ်ခုပါပဲ။
KPI များမသတ်မှတ်ထားခြင်း
Key Performance Indicator (KPI) တွေကို တိတိကျကျ မသတ်မှတ်ခြင်းက ကိုယ့် marketing strategies တွေကို တကယ်အလုပ်ဖြစ်မဖြစ် မသိစေရုံတင်မဟုတ်ပါဘူး။ ကိုယ့် business ရဲ့ Success Rate , Process တွေ ဘယ်နှစ်ရာခိုင်နှုန်း delay ဖြစ်နေလဲ၊ ကိုယ့် team ရဲ့ workflow တွေက မှန်ရဲ့လား စတာတွေပါ သိနိုင်စေတဲ့ အရေးကြီးသတ်မှတ်ချက်တစ်ခုဖြစ်ပါတယ်။ အမှားအများဆုံးက Business တွေတော်တော်များရဲ့ Digital Marketing Planning တွေဟာ KPI သတ်မှတ်ခြင်းဟာ အဓိကပါ၀င်ပါတယ်။ ကိုယ်က Digital Marketing Campaign တစ်ခုကနေ promotion focus လုပ်ဖြစ်တယ်။ ဒါပေမယ့် ကိုယ့်လက်အောက်က team ကို အဲ့ဒီ campaign ကနေ ငါတို့ customer အယောက် ၁၀၀ ရရမယ်။ Team က လူတစ်ယောက်ချင်းစီတိုင်းက customer ဘယ်နှစ်ယောက်ကိုတော့ တာ၀န်ယူပေးရလိမ့်မယ်ဆိုတာ အကြမ်းဖျင်း KPI လေး သတ်မှတ်ရင်တောင် အဆင်ပြေပါတယ်။
ယခု အချက်တွေကို ကြည့်ပြီး မိတ်ဆွေသာ ကိုယ့်လုပ်ငန်းမှာ digital marketing လုပ်နေမယ်ဆိုရင် ရှောင်သင့်တဲ့ အချက်တွေကို သိရှိပြီး မှန်မှန်ကန်ကန် လုပ်ဆောင်ရမယ့် နည်းလမ်းတွေ မြင်လာမိမယ် မျှော်လင့်ပါတယ်။