CRM (Customer Relationship Management) ကို ဘာကြောင့်သုံးသင့်လဲဆိုတာ ဆောင်းပါးတွေကို ထပ်ကာထပ်ကာ တွေ့ဖူးပါလိမ့်မယ်။ အခု CRM Software ရဲ့ လူပြောနည်းတဲ့ အပိုင်းကို ပြောပြပေးမှာဖြစ်ပါတယ်။
CRM ဆိုတာ Prospect တွေ၊ Customer တွေရဲ့ Interaction တွေကို Track လုပ်ပေးတဲ့ Software ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ တကယ်ပဲ CRM သုံးဖို့ လိုရဲ့လား၊ CRM မရှိလဲ အလုပ်ဖြစ်ရဲ့လား။
CRM သုံးမသုံးဆိုတဲ့ ဆုံးဖြတ်ချက်ကတော့ ကိုယ့်ရဲ့ ရွေးချယ်မှုပဲဖြစ်ပါတယ်။ ဒါပေမယ့် သုံးသင့်၊ မသုံးသင့် ဝေခွဲမရဖြစ်နေတဲ့ သူတွေအတွက် CRM ကို ဘာကြောင့် မလိုအပ်တာလဲဆိုတဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
Table of contents
- ကိုယ့်ရဲ့ Contact Data တွေကို တစ်နေရာတည်းမှာ စုထားဖို့ မလိုအပ်ဘူး စုမထားချင်ဘူးဆို မသုံးပါနဲ့။
- Customer တွေနဲ့ ပတ်သက်တဲ့ Interaction တိုင်းကို အလိုအလျောက် မှတ်သားပေးတာကို မလိုချင်ဘူးဆို မသုံးပါနဲ့။
- အဖွဲ့အစည်းအတွင်း Communication ကို တိုးတက်အောင်မလုပ်ချင်ဘူးဆို မသုံးပါနဲ့။
- Marketing team နဲ့ ညှိညှိနှိုင်းနှိုင်းမလုပ်ချင်ဘူးဆို မသုံးပါနဲ့။
- ကိုယ့်လုပ်ငန်းတိုးတက်မှာ စိတ်မဝင်စားဘူးဆို မသုံးပါနဲ့။
- Business Process တွေကို Automate လုပ်ပြီး အချိန်ကို မချွေတာချင်ဘူးဆို မသုံးပါနဲ့။
- Customer တွေကို ပိုကောင်းတဲ့ ဝန်ဆောင်မှုတွေကို မပေးချင်ဘူးဆို မသုံးပါနဲ့။
- Lead Flow တွေဆက်ရှိနေဖို့ ရုန်းကန်နေရတာကို ပျော်တယ်ဆို မသုံးပါနဲ့။
- Manual Reporting လုပ်ရတာကို ပိုသဘောကျတယ်ဆို မသုံးပါနဲ့။
- All-in-one features အကုန်ပါတဲ့ Product တစ်ခုကို မသုံးချင်ဘူးဆိုရင် HubSpot CRMကိုမသုံးပါနဲ့။
ကိုယ့်ရဲ့ Contact Data တွေကို တစ်နေရာတည်းမှာ စုထားဖို့ မလိုအပ်ဘူး စုမထားချင်ဘူးဆို မသုံးပါနဲ့။
ကိုယ့်ရဲ့ Customer Data တွေ အကုန်လုံးကို Excel Spreadsheet တစ်ခုတည်းမှာပဲ ထည့်ထားပြီး ပြန်ယူသုံးလို့မရနိုင်ဘူးလားလို့ ကိုယ့်ကိုယ်ကို မေးကောင်းမေးနိုင်ပါတယ်။
ဒီလိုလုပ်လို့ ရပါတယ်။ ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို Spreadsheet ၊ Email ၊ စာရွက်စာတမ်းပေါင်း သောင်းခြောက်ထောင်ထဲက Customer Data တွေကို ရှာဖွေရင်း ကုန်ဆုံးနိုင်တယ်ဆိုရင် CRM ကို သုံးဖို့ လုံးဝမလိုအပ်ပါဘူး။
CRM တစ်ခုက Sales Rep တစ်ယောက်ရဲ့ Prospect တွေနဲ့ အပြန်အလှန်ပြောဆို ဆက်သွယ်ခဲ့တဲ့ History တစ်ခုလုံးကို ကလစ်တစ်ချက်ထဲနဲ့ မှတ်သားထားပေးနိုင်ပါတယ်။ Customer Data တွေကို တစ်နေရာတည်းကနေ ရယူနိုင်ပြီး အချက်အပေါ်အခြေခံတဲ့ Sales Decision တွေကို ချမှတ်နိုင်ဖို့ CRM က ပြုလုပ်ပေးနိုင်ပါတယ်။

Customer တွေနဲ့ ပတ်သက်တဲ့ Interaction တိုင်းကို အလိုအလျောက် မှတ်သားပေးတာကို မလိုချင်ဘူးဆို မသုံးပါနဲ့။
Customer တွေက တူညီတဲ့မေးခွန်းတွေအတွက် အဖြေတစ်မျိုးတည်းကိုသာ လိုချင်ကြပါတယ်။ ဒီလို ပြောစကား ရှေ့နောက်ညီဖို့အတွက် Customer တွေနဲ့ ပြောထားသမျှမှတ်စုတွေကို မူးနောက်နေအောင် ရှာတာကိုတော့ ဘယ်သူမှ မလိုချင်ကြပါဘူး။ Customer Interaction တစ်ခုစီရဲ့ အသေးစိတ် Record တွေကို CRM က တိတိကျကျ မှတ်သားထားနိုင်တာကြောင့် ဒီအချက်အတွေကို အသုံးချပြီး Sales ကို ပိုပြီး Drive လုပ်နိုင်မှဖြစ်ပါတယ်။


အဖွဲ့အစည်းအတွင်း Communication ကို တိုးတက်အောင်မလုပ်ချင်ဘူးဆို မသုံးပါနဲ့။
Sales Reps တစ်ယောက်ချင်းစီရဲ့ လုပ်ငန်းဆောင်တာတွေကို ပိုပြီးလွယ်ကူအောင် ပြုလုပ်ပေးတဲ့အပြင် CRM System တွေက အဖွဲ့အစည်းအတွင်း Communication ကို တိုးတက်အောင် ပြုလုပ်ပေးနိုင်ပါသေးတယ်။
ဒီလို အသေးစိတ်အချက်အလက်တွေကို ပေးနိုင်တဲ့ CRM တစ်ခု မရှိခဲ့ဘူးဆိုရင် Sales Reps တွေအနေနဲ့ တစ်ယောက်ယောက်ရဲ့ လုပ်လက်စ အလုပ်တွေကို လွှဲယူတဲ့အခါ မတိကျတဲ့ Data Management တွေနဲ့အတူ နားလည်ရခက်တဲ့ Spreadsheet တွေနဲ့ ကြုံတွေ့ရမှာပါ။
ဒါ့အပြင် Sales Reps တွေအနေနဲ့ ကိုယ်လက်လွှဲယူလိုက်ရတဲ့ Prospect နဲ့ ပတ်သက်ပြီး ဘာတွေ လုပ်ပြီးသွားပြီ၊နောက်ထပ် ဘာတွေ ဆက်လုပ်ရမလဲဆိုတာကို ချက်ချင်း မသိရှိနိုင်ပါဘူး။ Activity Recording က မတိကျတဲ့အခါ Lead တွေကို Sales Rep တစ်ယောက်ကနေ နောက်တစ်ယောက်ကို လွှဲယူတဲ့အခါ ပိုပြီး စိန်ခေါ်မှုတွေရှိနိုင်ပြီး Lead တွေကို ကိုယ့်ရဲ့ Sales Funnel ကနေ ဆုံးရှုံးလိုက်ရတာမျိုးတွေကို ဖြစ်ပေါ်စေပါတယ်။
Sales Rep တွေက သူတိုရဲ့ အရောင်းလုပ်ငန်းစဉ်တွေမှာ အလွန်အသုံးဝင်တဲ့ Prospect တွေအားလုံးရဲ့ Interaction History တွေကို အတူတကွ မျှဝေထားဖို့ လိုပါတယ်။

Marketing team နဲ့ ညှိညှိနှိုင်းနှိုင်းမလုပ်ချင်ဘူးဆို မသုံးပါနဲ့။
Sales Call မခေါ်ခင် Marketing က Lead တွေနဲ့ ဘယ်လို Engage လုပ်ထားလဲဆိုတာ သိထားရမယ့်အစား CRM မရှိတဲ့အတွက် Lead တွေရဲ့ နောက်ခံအကြောင်းအရ၊ ဘာကြောင့် ကိုယ့် Product ကို စိတ်ဝင်စားတာလဲ စတဲ့ အချက်အလက်တွေကို မသိထားကြဘဲ Sales Call တွေ လုပ်ကြတာ Lead တွေကို ဆုံးရှုံးရတဲ့ နောက်ထပ် အကြောင်းအရင်းတွေပါပဲ။

ကိုယ့်လုပ်ငန်းတိုးတက်မှာ စိတ်မဝင်စားဘူးဆို မသုံးပါနဲ့။
တကယ်လို့ ကိုယ်က Customer တွေများများ ပိုရပြီး ပိုက်ဆံပိုရှာဖို့ကို စိတ်မဝင်စားဘူးဆိုရင် CRM အသုံးပြုဖို့ကို ပြန်စဉ်းစားသင့်ပါတယ်။ Customer လေးငါးယောက်ပဲရှိတယ်ဆိုရင် Interaction တိုင်းကို Track လုပ်ဖို့က လွယ်ကူနေပါသေးတယ်။ လုပ်ငန်းသေးသေးလေးကပဲ မချဲ့ထွင်လိုဘူးဆိုရင်တော့ ဒီတိုင်း Manual Tracking လုပ်နိုင်ပါတယ်။
နောက်လာမယ့်နှစ်တွေမှာ Revenue ကို သုံးဆ၊ လေးဆ တက်ဖို့ မလိုတဲ့အတွက်၊ ကိုယ့်ရဲ့ Sales Rep တွေက Prospect/ Customer တွေရဲ့ အချက်အလက်တွေကို လိုက်မှတ်ရင်း အချိန်ကုန်နေရတာကလဲ ကြီးကြီးမားမား ပြဿနာမဟုတ်ပါဘူး။ CRM သုံးမယ်ဆိုရင်တော့ Strategy တွေနဲ့ Deal Close ပိုလုပ်နိုင်အောင် Sales Rep တွေရဲ့ Activity ကို Analyze လုပ်ဖို့ အားဖြည့်ပေးနိုင်မှာ ဖြစ်ပါတယ်။

Business Process တွေကို Automate လုပ်ပြီး အချိန်ကို မချွေတာချင်ဘူးဆို မသုံးပါနဲ့။
Lead တွေနဲ့ ဆက်သွယ်မှုမပြတ်စေဖို့ Email, Live Chat, Phone စတဲ့ System ပေါင်းများစွာကို အသုံးပြုနေရပြီး System တစ်ခုကနေတစ်ခုပြောင်းပြီး မှတ်စုတွေမှတ်ရင်း အချိန်တွေကို ကုန်ဆုံးနေနိုင်ပါတယ်။
ကိုယ်က ဒီလို System အများကြီးကို အသုံးပြုရင်း အချိန်တွေ ကုန်နေရတာကို ကြိုက်တယ်၊ ဒါတွေကို တစ်နေရာတည်းမှာ ပေါင်းစည်း အသုံးပြုလို့ရမယ့် System ကို မလိုချင်ဘူးဆိုရင်တော့ CRM ကို မသုံးသင့်ပါဘူး။
CRM တစ်ခုက System ပေါင်းစုံကို ချိတ်ဆက်အသုံးပြုနိုင်အောင် Integration Touchpoint တွေပေးထားပြီး ကိုယ့်လုပ်ငန်းရဲ့ အဓိက Business Process တွေကို လွယ်ကူစွာ Automate လုပ်ပေးနိုင်ပါတယ်။

Customer တွေကို ပိုကောင်းတဲ့ ဝန်ဆောင်မှုတွေကို မပေးချင်ဘူးဆို မသုံးပါနဲ့။
CRM System တစ်ခုက တန်ဖိုးရှိတဲ့ Customer Trend တွေ၊ အချက်အလက်တွေကို ပေးနိုင်ပါတယ်။
Customer အချက်အလက်တွေကို အသေးစိတ်သိရှိထားခြင်းက Sales Rep တွေကို ကုမ္ပဏီနဲ Customer ကြားရှိခဲ့တဲ့ Interaction တွေကို နားလည် သဘောပေါက်စေပြီး Sales Call တွေနဲ့ Pitch တွေအတွက် ပိုပြီး ပြင်ဆင်နိုင်အောင် ကူညီပေးနိုင်ပါတယ်။

Lead Flow တွေဆက်ရှိနေဖို့ ရုန်းကန်နေရတာကို ပျော်တယ်ဆို မသုံးပါနဲ့။
Lead တွေကို ဆက်ပြီး Conversion ဖြစ်အောင် ပြောင်းရမယ့်အစား Lead တွေ ပိုများများဝင်ဖို့ကိုပဲ ကိုယ်က အာရုံစိုက်မိနေတယ်။ CRM ကို မသုံးတဲ့အတွက် Sales Rep တွေမှာ အချက်အလက်တွေရှိမနေဘူး၊ ဝင်လာတဲ့ Lead တွေကို အချိန်နဲ့တပြေးညီ Follow Up မလုပ်နိုင်ဘူးဆိုရင် Lead တွေ ဘယ်လောက်ဝင်ဝင် အကျိုးမရှိပါဘူး။ အိတ်ပေါက်နဲ့ ဖားကောက်နေသလိုပါပဲ။
CRM က Lead တွေကို ဖမ်းပေးပြီး Sales Process ရဲ့ Right Point ကို Sales Rep တွေရောက်ရှိနိုင်အောင်၊ Sales လုပ်ဖို့ အခွင့်အရေး ပိုတက်လာအောင် ကူညီပေးနိုင်ပါတယ်။

Manual Reporting လုပ်ရတာကို ပိုသဘောကျတယ်ဆို မသုံးပါနဲ့။
အပတ်တိုင်း Manual Report တွေ အထပ်လိုက် တင်နေရပေမယ့် ဒီလိုလုပ်နေရတာကို နှစ်သက်နေမိတယ်ဆိုရင်တော့ CRM System ကို မလိုအပ်ပါဘူး။ CRM System ကို သုံးမယ်ဆိုရင် Dashboard ကို သွားပြီး ကလစ်တစ်ချက်နှိပ်ရုံနဲ့ အလွန်တိကျတဲ့ Report တွေကို ထုတ်ယူနိုင်ပါတယ်။

All-in-one features အကုန်ပါတဲ့ Product တစ်ခုကို မသုံးချင်ဘူးဆိုရင် HubSpot CRMကိုမသုံးပါနဲ့။
HubSpot ရဲ့ CRM မှာ သင့် Team တစ်ခုလုံးကို အချိန်ကုန်သက်သာစေမယ့် Tool တွေအများကြီးပါဝင်ပါတယ်။ နောက်ဆုံးရရှိထားတဲ့ အချက်လက်တွေနဲ့ Sales Pipeline ကို အက်ပ်ဒိတ်ဖြစ်စေပါတယ်။ ဒါ့အပြင် အခြား cross team တွေဖြစ်တဲ့ Sales, Marketing နဲ့ Operation Team တွေအတွက်ပါ အတူ ပူးပေါင်းပြီး အလုပ်လုပ်နိုင်တဲ့ Features အသစ်တွေ များစွာပါဝင်တာမို့ ဒီလို All in one features အကုန်ပါတဲ့ Product တစ်ခုကို မသုံးချင်ဘူးဆိုရင် HubSpot CRMကို မသုံးပါနဲ့။

ဒါတွေကတော့ CRM ကို မလိုအပ်တဲ့အကြောင်းအရင်း (၁၀) ခုဖြစ်ပါတယ်။ CRM သုံးသင့် မသုံးသင့်တွေဝေနေသေးတယ်ဆိုရင် အရိုးရှင်းဆုံး မေးခွန်းတစ်ခုရှိပါတယ်၊ “သင့်လုပ်ငန်းကို မတိုးတက်ချင်ဘူးလား?”
သင့်ရဲ့ Prospect တွေနဲ့ ဆက်သွယ်ရာမှာ မှန်ကန်တဲ့ကာလအပိုင်းအခြားဖြစ်ဖို့၊ မှန်ကန်သင့်တော်တဲ့ အချက်အလက်တွေကို မှန်ကန်တဲ့အချိန်မှာ ပေးနိုင်ဖို့ သင့်ရဲ့ လုပ်နိုင်စွမ်းတွေက အကန့်အသတ်ရှိပါတယ်။ ဒါတွေကို CRM System တစ်ခုမရှိဘဲ ထိထိရောက်ရောက် မလုပ်ဆောင်နိုင်ပါဘူး။
နောက်ဆုံးအကြိမ်အနေနဲ့ စဉ်းစားကြည့်ပါ၊ “သင့်လုပ်ငန်းမှာ CRM သုံးဖို့ လိုအပ်ရဲ့လား”
