သင့်ရဲ့ Real Estate လုပ်ငန်းက ကားဆိုရင် Lead Generation ပြုလုပ်ခြင်းက ကားကို ရွေ့စေမယ့် အင်ဂျင်လို့ ဆိုနိုင်ပါတယ်။ Leads များများ ရှာနိုင်လေ ကိုယ့်လုပ်ငန်းက မြန်မြန်တိုးတက်လေပါပဲ။

ဒါပေမယ့် Real Estate လုပ်ငန်းတွေမှာ Lead Generation လုပ်ရတာက အပြောလွယ်သလောက် အလုပ်ခက်လေ့ရှိပါတယ်။ ကိုယ့်ရဲ့ပြိုင်ဘက်တွေကလည်း နေ့စဉ် ဆန်းသစ်တဲ့ နည်းဗျူဟာတွေ သုံးပြီး Lead Generation လုပ်နေမှာကိုလည်း မမေ့သင့်ပါဘူး။ ဒါကြောင့် BEYOND360 Marketing Technology Firm ကနေပြီး Real Estate Business တွေအတွက် ထိရောက်တဲ့ Lead Generation ပြုလုပ်နည်း (၁၁)နည်းကို မျှဝေပေးလိုက်ချင်ပါတယ်။
(1) Real Estate Business Website

Internet ပေါ်မှာ Business တစ်ခုကို အစပြုမယ်ဆိုရင် အရင်ဆုံး Website တစ်ခု ရှိထားဖို့ကို မမေ့ပါနဲ့။ Website ရှိထားခြင်းဟာ ကိုယ်ပိုင် Media Platform တစ်ခုရှိထားသလိုပါပဲ။ Website ကို အခြေပြုပြီးမှ အခြား Platform ဖြစ်တဲ့ Facebook, Viber, YouTube, Instagram အစရှိတဲ့ Platform တွေကို အသုံးပြုပြီး Lead Generation လုပ်တာက အသင့်လျော်ဆုံး နည်းလမ်းပါ။
(2) Search Engine Optimization ကိုလည်း မမေ့သင့်ပါဘူး။

Website တစ်ခု Launch လုပ်လိုက်ပြီးပြီဆိုတာနဲ့ အေးဆေး ဇိမ်နဲ့ နှပ်နေလို့မရပါဘူး။ Internet ပေါ်မှာ ကိုယ့်လုပ်ငန်းလိုမျိုး Website ပေါင်း သန်းနဲ့ချီရှိပါတယ်။ အဲ့ဒီလို Website တွေအများကြီးထဲကမှ ကိုယ့်လုပ်ငန်းရဲ့ Website ကို ဝင်ရောက် ကြည့်ရှူသူတွေများပြားလာအောင်လုပ်ဖို့ ဆိုရင် Search Engine Optimization ရဲ့ အခန်းကဏ္ဍက အရေးပါလာပါပြီ။

မြန်မာနိုင်ငံမှာ လူဦးရေသန်းနဲ့ ချီ ပြီး Google Search ကို အသုံးပြုနေကြပါတယ်။ Google Search မှာ ကိုယ့်ရဲ့ Potential Customer တွေက ကိုယ့်လုပ်ငန်းအမျိုးအစားနဲ့ ပတ်သက်တဲ့ Keyword တွေကို ရှာတဲ့အခါ ကိုယ့်လုပ်ငန်းရဲ့ Website ကို ပထမစာမျက်နှာက ထိပ်ဆုံး ကျလာတဲ့ Results ထဲမှာပေါ်အောင် Website ကို Optimization လုပ်တာကို Search Engine Optimization လုပ်တယ်လို့ ခေါ်ပါတယ်။
Search Engine Optimization ပြုလုပ်မယ်ဆိုရင် ကိုယ့် Website မှာ ဝင်ရောက်ကြည့်ရှူသူတွေအတွက် သင့်လျော်မယ့် သတင်းအချက်အလက်တွေ ပုံမှန် တင်ထားပေးဖို့၊ Website Loading ကို မြန်ဆန်အောင်ပြုလုပ်ထားဖို့၊ Website ဟာ ဖုန်း၊ Tablet နဲ့ Laptop ဘယ် Device ကနေ ကြည့်ကြည့် Responsive ဖြစ်ဖို့တွေကို ပြင်ဆင်ထားသင့်ပါတယ်။ SEO လုပ်တယ်ဆိုတာ ဒီလောက်နဲ့တော့ ဘယ်ပြီးလိမ့်ဦးမလဲ။ အခြား On Page, Off Page, Technical SEO နဲ့ ပတ်သက်တာတွေလည်း ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ Beyond 360 Marketing Technology Firm လိုမျိုး SEO ကျွမ်းကျင်တဲ့ Digital Marketing Service Company တွေနဲ့ တွဲဖက်ပြီး အလုပ်လုပ်နိုင်ပါတယ်။
(3) Search Engine Advertising (SEA)
SEO ပြုလုပ်တဲ့အခါ Results ကို ချက်ချင်းမမြင်ရပါဘူး။ SEO က အချိန်အတိုင်းအတာ တစ်ခုအထိ ပေးပြီး လုပ်မှ သိသာပါတယ်။ အဲ့ဒီအခါ Real Estate Business တွေအနေနဲ့ SEA (Search Engine Advertising) ကို ပြုလုပ်လို့ရပါတယ်။ SEA ဆိုတာ Search Engine ရဲ့ ထိပ်ဆုံးမှာ ပြလေ့ရှိတဲ့ နေရာတွေမှာ လေလံဆွဲပြီး Placement ဝယ်ယူခြင်းလို့ အရိုးရှင်းဆုံး အဓိပ္ပာယ်ပြန်နိုင်ပါတယ်။

ဥပမာ Condo in Yangon လို့ရှာလိုက်တာနဲ့ ကျလာတဲ့ Result တွေရဲ့ ထိပ်ဆုံးမှာ ကိုယ့် Website ကို ကျလာအောင် Media Buying ပြုလုပ်နိုင်ပြီး Website Link ကို လူတွေက နှိပ်တဲ့အခါ Search Engine ကို ပိုက်ဆံပေးချေရတာဖြစ်လို့ PPC (Pay Per Click) လို့လည်း ခေါ်ကြပါသေးတယ်။

ဒီ SEA နည်းလမ်းနဲ့ ကြော်ငြာပြုလုပ်ခြင်းကို Google, Yahoo, Bing အစရှိတဲ့ Search Engine တွေမှာ ပြုလုပ်နိုင်ပါတယ်။
(4) Social Media Channel တွေဖွင့်ထားပြီး ကြော်ငြာများ ဖန်တီးပါ။

မြန်မာနိုင်ငံမှာ လူသုံးများတဲ့ Facebook Platform မှာ ကိုယ့်လုပ်ငန်းရဲ့ Online Presence ကို သပ်သပ်ရပ်ရပ်နဲ့ ဆွဲဆောင်မှုရှိအောင် ဖန်တီးထားခြင်းက လုပ်ငန်းအပေါ် ယုံကြည်မှု ရရှိစေသလို Facebook Post များဖန်တီးခြင်းဖြင့်လည်း Potential Customer တွေအတွက် လုပ်ငန်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ခင်းကျင်းပြသနိုင်တဲ့အပြင် ကိုယ့်ရဲ့ Website ကိုလည်း ပြန်ညွှန်းနိုင်ပါသေးတယ်။ အခြား လူသုံးများတဲ့ YouTube, LinkedIn, Viber လိုမျိုး Social Media Channel တွေမှာလည်း Channel တွေ ဖန်တီးထားသင့်ပါတယ်။
(5) Facebook Groups များ ဖန်တီးပါ။ Join ပါ။

Facebook Page ဖန်တီးပြီးရင်တော့ အိမ်ခြံမြေနဲ့ ပတ်သက်တဲ့ Real Estate Facebook Group တွေ ဖန်တီးထားဖို့ နဲ့ အခြား Online Facebook အိမ်ခြံမြေ Group တွေကို Join ထားဖို့ လိုပါတယ်။ ဒါမှလည်း ကိုယ့်ရဲ့ Target Audiences တွေရဲ့ စကားသံတွေကို နားထောင်ပြီး လိုအပ်တဲ့ အကြံဉာဏ်တွေပေးနိုင်သလို၊ အခြား Competitors တွေရဲ့ ခြေလှမ်းတွေ၊ Industry Trends တွေကို Update အမြဲတမ်း သိနေရမှာဖြစ်တဲ့အပြင် ကိုယ့်လုပ်ငန်းအတွက်လည်း ကိုယ်ပိုင် Community လေး တစ်ခု ဖန်တီးပြီးသားဖြစ်သွားမှာပါ။
(6) Live Q&As Programများ ပြုလုပ်ပါ။

Facebook, YouTube လိုမျိုး Channel တွေမှာ ကိုယ့်လုပ်ငန်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို
Live Q&As လို အစီအစဉ်တွေပြုလုပ်ပြီး Audiences တွေရဲ့ မေးခွန်းတွေကို ဖြေပေးခြင်းကလည်း Customer တွေကို ဆွဲဆောင်ခြင်း တစ်မျိုးပါပဲ။ အိမ်ခြံမြေ ဝယ်ချင်တဲ့သူတွေ သိလိုတဲ့ မေးခွန်းတွေ၊ စာရွက်စာတမ်းနဲ့ ပတ်သက်တဲ့ အခက်အခဲတွေကို ဖြေပေးလို့ရပါတယ်။ ဒီနည်းနဲ့ ကိုယ့်လုပ်ငန်းဟာ အိမ်ခြံမြေနဲ့ ပတ်သက်ပြီး ကျွမ်းကျင်ပါတယ်ဆိုတဲ့ Positioning ကို ယူလို့ရမှာပါ။
(7) Virtual Tour

ဝယ်ယူသူတွေအနေနဲ့ ကိုယ်ဝယ်မယ့် အခန်းက ဘယ်လိုပုံစံမျိုးရှိမယ်ဆိုတာကို စိတ်ကူးနိုင်အောင် AR, VR လိုမျိုး နည်းပညာတွေ အသုံးပြုပြီး Real Estate Virtual Tour တွေ ပြုလုပ်ပေးလို့ရပါတယ်။ ဒီ Virtual Tour ကို ကြည့်ရှူလိုသူတွေက သင့်ရဲ့ Website ဒါမှမဟုတ် Lead Form မှာ Sign Up လုပ်ခြင်းဖြင့် Lead Generation ပြုလုပ်နိုင်ပါတယ်။
(8) Paid Social Media အသုံးပြုပါ။

Digital Platform တွေမှာ Post တွေ ပုံမှန်တင်နေယုံနဲ့ မလုံလောက်သေးပါဘူး။ အဲ့ဒီ Postတွေ၊ ကြော်ငြာတွေ ဖန်တီးမှသာ ဝယ်ယူနိုင်ခြေရှိတဲ့ လူတွေဆီကို ကြော်ငြာတွေက ရောက်သွားမှာဖြစ်ပါတယ်။ Paid Digital Marketing ပြုလုပ်ခြင်းဟာ ကိုယ်သုံးလိုက်တဲ့ ကြော်ငြာစရိတ်ရဲ့ ROAS ကို ပြန်ကြည့်ဖို့ လွယ်ကူတဲ့အပြင် စရိတ်စက နည်းနည်းကနေစပြီး ကြော်ငြာနိုင်တာမို့ Traditional Advertising ထက်လည်း ပိုထိရောက်ပါတယ်။
(9) Marketing Automation ပြုလုပ်ဖို့ မမေ့ပါနဲ့။

ကိုယ့်ရဲ့ Website, Social Media Platform တွေမှာ ဝယ်ယူသူတွေအတွက် ပိုမိုကောင်းမွန်တဲ့ Buying Experience ရရှိအောင် Marketing Automation ပြုလုပ်ဖို့ လိုပါတယ်။ Marketing Automation အကြောင်းကို အကျယ်ချဲ့ရေးမယ်ဆိုရင် နောက်ထပ် Blog တစ်ခုစာရှိတာမို့ ဒီနေရာမှာတော့ အကျဉ်းလေးပဲ ပြောပြလိုက်ပါ့မယ်။ Marketing Automation ဆိုတာ Marketing Task တွေကို အချိန်တိုတိုနဲ့ ထိထိရောက်ရောက်လုပ်ဆောင်နိုင်တဲ့ အလိုလျောက် tool တွေကို အသုံးပြုခြင်းကို ဆိုလိုပါတယ်။ အမြင်သာဆုံး ဥပမာဆိုရင် ChatBot လိုမျိုး 24နာရီ Customer Enquires တွေကို ဖြေပေးနိုင်တဲ့ Automation System ကိုဆိုလိုတာပါ။ ဒါပေမယ့် Marketing Automation လုပ်မယ်ဆိုရင် Ads, Social Media, SMS, Email, Landing page, Website, App အစရှိတဲ့ နေရာတွေမှာလည်း နည်းလမ်းအစုံနဲ့ ပြုလုပ်နိုင်ပါသေးတယ်။
Real Estate လုပ်ငန်းတစ်ခုအတွက် မြင်သာတဲ့ Marketing Automation ဥပမာတစ်ခုဆိုရင် အခမဲ့ အိမ်ခြံမြေအကြောင်းဆွေးနွေးပေးတဲ့ Form တစ်ခုကို Customer က ဖြည့်လိုက်ပြီဆိုတာနဲ့ သူဖြည့်လိုက်တဲ့ Email ဆီကို Welcome Emails အလိုလျောက်ပို့ပေးတာမျိုးပါ။ ဒါဆိုရင် Customer အနေနဲ့ သူ့ကို ဂရုတစိုက် ချက်ချင်း စာပြန်ပေးပါလားဆိုတဲ့ ကောင်းမွန်တဲ့ အတွေ့အကြုံကို ရလိုက်မှာဖြစ်သလို Real Estate Agent ရဲ့ Meeting Calendar မှာလည်း Meeting တစ်ခုက အလိုလျောက် Booking တင်ထားပြီးသားဖြစ်သွားပြီး Customer ဆီကိုလည်း Meeting Invitation Email က ချက်ချင်းပို့ပေးမှာပါ။
(10) Drip-email Marketing Campaignတွေ ဖန်တီးထားပါ။

Email Marketing ကို သေပြီလို့ လူတွေက ထင်နေကြပေမယ့် Real Estate လိုမျိုး High Ticket Business အတွက်တော့ Email Marketing က အရမ်း အသုံးဝင်ပါတယ်။ အပေါ်က ရေးခဲ့တဲ့ ဥပမာထဲကလိုမျိုး Customer က Consulting ယူတဲ့ Meeting ချိန်းပေမယ့်လည်း ချက်ချင်းကြီး ဝယ်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ Customer အနေနဲ့ အခြား လုပ်ငန်းတွေရဲ့ ဝန်ဆောင်မှုတွေကိုလည်း လိုက်ပြီး လေ့လာ သုံးသပ်နေမှာပါ။ အဲ့ဒီလို Buying Decision မချသေးတဲ့ အချိန်မှာ ကိုယ့်လုပ်ငန်းအကြောင်း ပိုသိပြီး Customer နဲ့ အဆက်အသွယ် မပြတ်စေဖို့အတွက် Drip-Email Marketing Campaign တွေ ပြုလုပ်သင့်ပါတယ်။
(11) Display Advertising

တစ်ခါတစ်ရံမှာ Website တစ်ခုမှာ စာဖတ်တဲ့အခါဖြစ်ဖြစ်၊ App တစ်ခုခုကို အသုံးပြုနေတဲ့အချိန်မှာဖြစ်ဖြစ် Banner Ads လေးတွေ တက်တက်လာတာကို မြင်ဖူးကြမှာပါ။ Real Estate Business တွေအနေနဲ့လည်းကိုယ့်ရဲ့ Target Audiences တွေ ဝင်ကြည့်လေ့ရှိတဲ့ Websiteတွေ App တွေမှာ ကိုယ့်လုပ်ငန်း Banner Ads လေးတွေ ပြပြီး Lead Generation ပြုလုပ်နိုင်ပါတယ်။
အထက်မှာ ဖော်ပြခဲ့တဲ့ Lead Generation နည်းလမ်းတွေသုံးပြီး Leads တွေရလာခဲ့ရင်တော့ အဲ့ဒီ Leads တွေကို စနစ်တကျ စီမံခန့်ခွဲဖို့နဲ့ Sales Automation လုပ်ဖို့ အတွက် CRM Software တစ်ခုတော့ ရှိထားဖို့ လိုပါတယ်။ မဟုတ်ရင်တော့ ပလိုင်းပေါက်နဲ့ ဖားကောက်သလိုပဲ Leads သာများ Customerကား မရဖြစ်တတ်ပါတယ်။